Asian Cup News

နိုင်ပွဲဆက်နေသော လာအို

Jul 30 , 2015

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် ကျင်းပနေသောအာဆီယံယူ-၁၆ ပြိုင်ပွဲ၏ယမန်နေ့အုပ်စု A ပွဲစဉ်များတွင် လာအိုမှာနောက်ထပ် နိုင်ပွဲတစ်ပွဲရရှိခဲ့သည်။

ပွဲဦးထွက်နေ့တွင် ထိုင်းကို ၁းဝ  ဖြင့်နိုင်ထားသော လာအိုမှာယမန်နေ့က တီမောကို ၃း၂ ဖြင့်ဆက်လက်အနိုင်ရရှိကာ အုပ်စုကိုဦးဆောင်လျက်ရှိသည်။

ပွဲစဉ် ၁ တွင်လာအိုကို ရှုံးခဲ့သောထိုင်းမှာယခု ပွဲစဉ် ၂ တွင်မလေးရှားကို ၃း၁ ဖြင့်အနိုင်ရခဲ့ပြီး ပွဲစဉ် ၁ ၌မလေးရှားကို ၁းဝ ဖြင့်ရှုံးခဲ့သည့် ဗီယက်နမ်ကယခုပွဲစဉ် ၂ တွင်ဘရူနိုင်းကို ၅းဝ ဖြင့်အနိုင်ရရှိခဲ့သည်။

ယနေ့ဇူလိုင် ၃၀ ရက်နေ့ညနေတွင်အုပ်စု B မှစင်္ကာပူနှင့်ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် သြစတြေးလျ တို့ကစားကြမည်ဖြစ်ပြီး မြန်မာယူ-၁၆ အသင်းမှာသြဂုတ်လ ၁ ရက်စနေနေ့တွင်မှ ဖိလစ်ပိုင်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here