Asian Cup News

ယူ-၁၆ အုပ်စု A ပွဲစဉ်များ

Aug 01 , 2015

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင်ကျင်းပနေသော အာဆီယံယူ-၁၆ ဘောလုံးပြိုင်ပွဲကို ယမန်နေ့ကဆက်လက် ကျင်းပခဲ့သည်။

ယမန်နေ့ကပွဲစဉ်များမှာ အုပ်စု A ပွဲစဉ်များဖြစ်ကြပြီး မလေးရှားကဘရူနိုင်းကို ၁းဝ၊ ထိုင်းကတီမောကို ၃းဝ တို့ဖြင့်အနိုင်ရခဲ့ပြီး ဗီယက်နမ်နှင့်လာအိုတို့ ၂ ဂိုးစီသရေကျသွားခဲ့သည်။

အုပ်စု A ပွဲစဉ်များကို ၃ ပွဲစီယှဉ်ပြိုင်ကစားပြီးခဲ့ရာတွင် လာအိုက ၇ မှတ်၊ ထိုင်းနှင့်မလေးရှားတို့က ၆ မှတ်၊ ဗီယက်နမ်က ၄ မှတ်၊ ဘရူနိုင်းနှင့်တီမောတို့က ၁ မှတ်စီရရှိထားပြီးလာမည့် သြဂုတ်လ ၂ ရက်နေ့ပွဲစဉ်တွင် ဘရူနိုင်းနှင့်လာအို၊ ဗီယက်နမ်နှင့်ထိုင်း၊ တီမောနှင့်မလေးရှားတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ယနေ့သြဂုတ်လ ၁ ရက်နေ့ညနေတွင်အုပ်စု B မှမြန်မာနှင့်ဖိလစ်ပိုင်၊ သြစတြေးလျနှင့်စင်္ကာပူတို့ တွေ့ဆုံကြမည်ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here