Asian Cup News

အုပ်စုဗိုလ်လုရမည့် မြန်မာယူ-၁၆

Aug 03 , 2015

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်အိုလံပစ် အားကစားကွင်းကြီး၌ ကျင်းပလျက်ရှိသော AFF BIDC U-16 CHAMPION -SHIP 2015 ဘောလုံးပြိုင်ပွဲ၏ တတိယပွဲစဉ်များကို သြဂုတ် ၃ ရက်တွင်ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး အုပ်စု(ခ)တွင်မြန်မာယူ-၁၆ အသင်းနှင့်သြစတြေးလျ ယူ-၁၆ အသင်းတို့အုပ်စု ဗိုလ်လုကြမည်ဖြစ်သည်။

မြန်မာယူ-၁၆ အသင်းသည် အုပ်စုပထမပွဲစဉ်အဖြစ် စင်င်္ကာပူယူ-၁၆ အသင်းကို ၃ဂိုး-၁ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင်ဖိလစ်ပိုင် ယူ-၁၆ အသင်းကို ၃ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိထားပြီး သြစတြေးလျယူ-၁၆ အသင်းမှာပထမပွဲစဉ်တွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းကို ၄ဂိုး-ဂိုးမရှိ၊ ဒုတိယပွဲစဉ်တွင်စင်္ကာပူအသင်းကို  ၈ဂိုး-၂ဂိုးတို့ဖြင့်အနိုင်ရရှိခဲ့သည်။

"ကျွန်တော့်ကစားသမားတွေ အမှားတချို့လုပ်ခဲ့တာကြောင့် ဖိလစ်ပိုင်နဲ့ပွဲမှာ ဒီထက်ပိုပြီးဂိုးမရလိုက်တာပါ။

နောင်လာမယ့်သြစတြေးလျနဲ့ ပွဲအကြောင်းပြောရရင် ကျွန်တော်တို့မှာအုပ်စုပွဲ တစ်လျှောက်လုံးအတွက် မဟာဗျူဟာအစီအစဉ်ရှိပါတယ်။

သြစတြေးလျနဲ့ပွဲကို အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားပါမယ်" ဟုမြန်မာယူ-၁၆ အသင်းနည်းပြချုပ် အဲရစ်ဝီလျံကပြောဆိုခဲ့သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here