Asian Cup News

သက်တမ်းအလိုက်ဖူဆယ်အသင်းများ ဖွဲ့စည်းမည်

Aug 03 , 2015

သြဂုတ်လအတွင်းကျင်းပမည့် ဖူဆယ်ပြိုင်ပွဲနှင့်အောက်တိုဘာလအတွင်း ကျင်းပမည့်ဖူဆယ်လိဂ်ပြိုင်ပွဲများမှ လက်ရွေးစင် ကစားသမားများရွေးချယ်ကာ နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ရန် သက်တမ်းအလိုက်ဖူဆယ် အသင်းများကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖူဆယ်ကောမတီဥက္ကဌ ဦးကြည်မင်းသိန်းကပြောဆိုခဲ့သည်။

၂၀၁၅ ခုနှစ်အလွတ်တန်း ဖူဆယ်ပြိုင်ပွဲကို သြဂုတ် ၁ ရက်မှစတင်ကာ ရန်ကုန်သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ (၁) ၌ကျင်းပလျက်ရှိပြီး ကလပ်အသင်း ၅၀ ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိရာ အဆိုပါပြိုင်ပွဲမှလည်း လက်ရွေးစင် ကစားသမားများအား ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၌ကျင်းပမည့် အာဆီယံချန်ပီယံဖူဆယ်ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရှုံးထွက်ပြိုင်ပွဲမှအလားအလာရှိသည့် ကစားသမားများရွေးချယ်ကာ လက်ရွေးစင်ဖူဆယ် အသင်းတွေအပြင် ယူ-၂၃ နဲ့ ယူ-၁၉ အစရှိတဲ့လက်ရွေးစင် ဖူဆယ်အသင်းတွေ ဖွဲ့စည်းသွားဖို့ရှိတယ်။

ပြည်တွင်းပြိုင်ပွဲတွေကနေ လက်ရွေးစင်ကစားသမားတွေကို ရွေးချယ်သွားမယ်။

"လက်ရွေးစင်ကစားသမားရွေးချယ်ဖို့အတွက် ကော်မတီဖွဲ့စည်းထားတယ်။

ဘယ်နှစ်ယောက်ရွေးမယ်ဆိုတာတော့ အတိအကျမရှိသေးဘူး။

အလားအလာကောင်းတဲ့ ကစားသမားတွေကို ရွေးချယ်သွားမယ်" ဟုဦးကြည်မင်းသိန်းကဆက်လက် ပြောဆိုသွားခဲ့သည်။

(သတင်းဓါက်ပုံ MFF)

U Myo Thant




<< Back Asian Cup News


Advertisement
Here