Asian Cup News

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးအဆင့်ရောက်

Aug 03 , 2015

၂၀၁၅ ရာသီဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲကွားတားဖိုင်နယ် ပွဲစဉ်များကိုဆက်လက် ယှဉ်ပြိုင်ကစားရာ ဧရာဝတီအသင်းနှင့် ရခိုင်အသင်းတို့ ဆီမီးပွဲစဉ်တက်ရောက်နိုင်ခဲ့သည်။

အောင်ဆန်းကွင်း၌ ကစားခဲ့သောပွဲစဉ်တွင် ဧရာဝတီအသင်းက ဇွဲကပင်အသင်းကို ၆ဂိုး- ၅ဂိုးဖြင့်အနိုင်ရသွားသည်။

ဧရာဝတီနှင့်ဇွဲကပင် အသင်းတို့မိနစ် ၁၂၀ ပြည့်သည်အထိနှစ်ဂိုးစီ သရေကျနေ၍ ပင်နယ်တီဖြင့်ဆုံးဖြတ်ခဲ့ရပြီး ဧရာဝတီအသင်းမှ ဂိုးသမားဗန်လားဟရွယ်၏ လက်စွမ်းပြမူဖြင့် ပင်နယ်တီ ၄ဂိုး-၃ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ရှုံး/ထွက်ပြိုင်ပွဲတွင် ၂ ကြိမ်ဆက်တိုက်ဗိုလ်စွဲထားသည့် လက်ရှိချန်ပီယံ ဧရာဝတီအသင်းမှာ ခက်ခဲစွာကစားခဲ့ရသော်လည်း ဆီမီးအဆင့်သို့ထက်မံ တက်လှမ်းခဲ့ခြင်းဖြစ်သည်။

နှစ်သင်းလုံအမာခံ ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သော်လည်း ဇွဲကပင်အသင်း၌ ၀ါရင့်ကစားသမား ကျော်ဇင်ထက်မပါဝင်နိုင်၍ အားပျော့ခဲ့ရသည်။

ပွဲအစနှစ်မိနစ်တွင် ပြစ်ဒဏ်ဘောကို ဇီကိုဗစ်ကကန်သွင်းယူခဲ့သောကြောင့် ဇွဲကပင်ဦးဆောင်ဂိုးရခဲ့သော်လည်း ဧရာဝတီတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။

ဂိုးပေးလိုက်ရသောကြောင့် ဧရာဝတီဆက်တိုက်ဖိကစားခဲ့ပြီး ၁၇ မိနစ်တွင်ရစ္စတီက ခေါင်းတိုက်ပြီးချေပဂိုးပြန်သွင်းခဲ့သည်။ မိနစ် ၃၀ တွင်ပင်နယ်တီမှတစ်ဆင့် ရစ္စတီကဧရာဝတီအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းက ချေပဂိုးရရှိရန်တောက်လျောက် ဖိကစားခဲ့ပြီး နာကျင်အချိန်တွင် ထောင့်ကန်ဘောမှ တစ်ဆင့်  ကောင်းစည်သူက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

မိနစ် ၉၀ တွင်နှစ်ဂိုးစီသရေ၊ အချိန်ပိုမိနစ် ၃၀ တွင်ဂိုးမရှိသရေကျနေ၍ ပင်နယ်တီဆက်လက်ကန်သွင်းခဲ့ရသည်။

ဧရာဝတီမှလာဇာ၊ ဆင်မ်၊ မိုးဝင်းနှင့်စံမျိုးဦးတို့လေးဦးလုံး ဂိုးဝင်ပြီးဇွဲကပင်မှ ဇီကိုဗစ်၊ ဂျူနီယာနှင့်ကင်မ်တို့သာ ဂိုးဝင်ပြီးသိန်းဇော်နှင့် ရွှေဝင်းထွန်းထွန်းတို့၏ ကန်သွင်းမှုများကို ဧရာဝတီဂိုးသမားကာကွယ်နိုင်ခဲ့၍ ဧရာဝတီအသင်းအနိုင်ရခဲ့ခြင်းဖြစ်သည်။

သုဝဏ္ဏကွင်း၍ ကစားခဲ့သောပွဲစဉ်တွင် ရခိုင်အသင်းကအနောမြေအသင်းကို ၇ဂိုး-၂ဂိုးဖြင့်အနိုင်ရသွား၍ ရခိုင်အသင်းဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ဆီမီးပွဲစဉ်များအဖြစ် ရတနာပုံနှင့်မကွေး၊ ဧရာဝတီနှင့်ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

(သတင်းဓါက်ပုံ MFF)

U Myo Thant




<< Back Asian Cup News


Advertisement
Here