Asian Cup News

ထိုင်းနှင့်လာအို ဆီမီးတက်

Aug 03 , 2015

ကမ္ဘောဒီးယားတွင် ကျင်းပနေသော အာဆီယံယူ-၁၆ပြိုင်ပွဲတွင် အုပ်စု A မှထိုင်းနှင့်လာအိုအသင်းတို့မှာ ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ပြီဖြစ်သည်။

ထိုင်းအသင်းမှာဗီယက်နမ်ကို  ၂းဝ ဖြင့်အနိုင်ရရှိခဲ့သဖြင့် ၄ ပွဲကစား ၉ မှတ်ရရှိခဲ့ပြီး ယနေ့နံနက်ပိုင်း ကစားသည့်လာအိုနှင့် ဘရူနိုင်ပွဲတွင်လာအိုက ၂းဝ ဖြင့်နိုင်ခဲ့သဖြင့် ၄ ပွဲကစား ၁၀ မှတ်ရရှိကာဆီမီးသို့ တက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

မလေးရှားအသင်းမှာ တီမောကို ၃း၁ ဖြင့်ရှုံးသွားခဲ့သဖြင့် ၄ ပွဲကစား ၆ မှတ်၊ ဗီယက်နမ်နှင့်တီမောက ၄ ပွဲကစား ၄ မှတ်စီနှင့်ဘရူနိုင်းက ၄ ပွဲကစား ၁ မှတ်သာရရှိထားကြသည်။

မနက်ဖြန်တွင်အုပ်စု A နောက်ဆုံးပွဲစဉ်များ ကစားကြမည်ဖြစ်ရာ မလေးရှားနှင့်လာအို၊ ဗီယက်နမ်နှင့်တီမော၊ ထိုင်းနှင့်ဘရူနိုင်းတို့ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ယနေ့ညနေတွင်အုပ်စု B မှကမ္ဘောဒီးယားနှင့်စင်္ကာပူ၊ သြစတြေးလျနှင့်မြန်မာတို့ ကစားကြမည်ဖြစ်ပြီး သြစတြေးလျနှင့်မြန်မာတို့မှာ ၆ မှတ်စီရရှိထားပြီး ကမ္ဘောဒီးယားနှင့်စင်္ကာပူတို့က ၃ မှတ်စီရရှိထားကြသည်။

၅ ရက်နေ့တွင်အုပ်စု B နောက်ဆုံးပွဲစဉ်များအဖြစ် သြစတြေးလျနှင့်ဖိလစ်ပိုင်၊ မြန်မာနှင့်ကမ္ဘောဒီးယားတို့ ကစားကြ မည်ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here