Asian Cup News

ကြိုးစားရဦးမည့် မြန်မာယူ-၁၆

Aug 04 , 2015

မြန်မာယူ-၁၆အသင်းမှာ ယမန်နေ့ကသြစတြေးလျနှင့်ပွဲတွင် ၄ ဂိုးပြတ်ဖြင့်ရှုံးနိုမ့်သွားခဲ့သဖြင့် အနည်းငယ်ဖိအားဝင်ခဲ့ပြီဖြစ်သည်။

အုပ်စု B တွင်ပါဝင်သော သြစတြေးလျမှာ ၃ ပွဲကစား ၃ ပွဲနိုင်ဖြင့်အုပ်စုထိပ်ဆုံးတွင် ရှိနေပြီးမြန်မာက ၃ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်ဖြင့်ဒုတိယ နေရာတွင်ရှိနေသည်။

လာမည့်ပွဲစဉ်တွင် သြစတြေးလျက ဖိလစ်ပိုင်နှင့်၎င်း၊ မြန်မာကအိမ်ရှင် ကမ္ဘောဒီးယားနှင့်၎င်း ကစားရမည်ဖြစ်သည်။

မြန်မာအသင်းက ၆ မှတ်၊ ကမ္ဘောဒီးယားက ၄ မှတ်ရရှိထားသဖြင့် မြန်မာအနေနှင့်အနည်းဆုံး သရေရလဒ်ရမှသာ ဆီမီးဖိုင်နယ်သို့တက်ရောက် နိုင်မည်ဖြစ်သည်။

အုပ်စု A တွင်လာအိုက ၄ ပွဲကစား ၁၀ မှတ်ထိုင်းက ၄ ပွဲကစား ၉ မှတ်၊ မလေးရှားက ၄ ပွဲကစား ၆ မှတ်ရရှိထားကြပြီး လာအိုကဆီမီးသို့ တက်သွားပြီဖြစ်ကာ ထိုင်းမှာလည်းယနေ့ ၁ မှတ်ရဘရူနိုင်းကို သရေကစားနိုင်လျင်ပင် ဆီမီးသို့တက်မည်ဖြစ်သည်။ မလေးရှားမှာလာအိုနှင့် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here