World CUp 2014 News

တာဝန်ဆက်ယူမည့် ကိုးရီးယားနည်းပြ

Jul 03 , 2014

တောင်ကိုရီးယား အသင်းမှာ ကမ္ဘာ့ဖလားပွဲတွင် နိုင်ပွဲမရှိခဲ့ပဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း နည်းပြ ဟွန်မြောင်ဘိုကို ဆက်လက်ခန့်ထားမည်ဟု တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ကြေညာချက်ထဲတွင် လက်ရှိနည်းပြ အနေနှင့် သြစတြေးလျတွင် ကျင်းပမည့် ၂၀၁၅ အာရှဖလားပြိုင်ပွဲအထိ အသင်းတွင် ဆက်ရှိနေမည်ဟု ဖော်ပြခဲ့သည်။

တောင်ကိုရီးယား ဘောလုံးအသင်းမှာ ကမ္ဘာဖလားအုပ်စု H တွင် ၃ ပွဲကစား ၁ ပွဲသရေ ၂ ပွဲရှုံးဖြင့် အုပ်စု အောက်ဆုံးတွင်သာ ရပ်တည်နိုင်ခဲ့ပြီးနောက် နည်းပြကတာဝန်မှ နှုတ်ထွက်လွှာကို ဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့ခဲ့သော်လည်း အဖွဲ့ချုပ်က လက်မခံပဲ လာမည့်နှစ် ဇန်န၀ါရီတွင် ကျင်းပမည့် အာရှဖလားပွဲအတွက် ဆက်လက်တာဝန်ယူပေးရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here