Bundesliga News

ကော့စတာကိုယုံတဲ့ ဂွာဒီယိုလာ

Aug 06 , 2015

ဘိုင်ယန်နည်းပြဂွာဒီယိုလာက ရှက်တာဒိုးနက်ထံမှခေါ်ယူထားသော ဒေါက်ကလပ်စ်ကော့စတာမှာ ဘိုင်ယန်တွင်တောက်ပြောင် လာလိမ့်မည်ဟု ယုံကြည်ကြောင်းပြောဆိုလိုက်သည်။

ကော်စတာမှာယမန်နေ့က ရီးရဲလ်ကိုအနိုင် ရရှိသောပွဲတွင်မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပြီး ဂွာဒီယိုလာ၏ ၄း၃း၃ ကစားကွက်တွင် ကော့စတာကဘယ်တောင်ပံမှ ကစားခဲ့ခြင်းဖြစ်သည်။

၂၄ နှစ်သားကော့စတာမှာ လွန်ခဲ့သောစနေနေ့ ဂျာမန်စူပါဖလားအဖြစ် ၀ုလ်စ်ဘတ်နှင့်ကစားခဲ့သော ပွဲတွင်လည်း ပါဝင်ကစားခဲ့သူဖြစ်သည်။

လွန်ခဲ့သောဇူလိုင် ၁ ရက်နေ့ကဘိုင်ယန်နှင့် ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့သော ကော်စတာမှာအစပိုင်းတွင် ပရိသတ်များနှင့်ဂျာမနီ မီးဒီယာများ၏ဝေဖန်မှုကို ခံခဲ့ရသေးသည်။

ကော့စတာမှာရှက်တာဒိုးနက်တွင် ၆ ရာသီရှိနေခဲ့စဉ်အတွင်းလိဂ်ပွဲ ၁၄၁ ပွဲတွင် ၂၉ ဂိုးသွင်းယူကာဂိုးရရန်အကြိမ် ၃၀ ခန့်ဖန်တီးပေးပို့ နိုင်ခဲ့သူဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here