Serie-A News

တရုတ်ရွှေ့မည့် ဂီလာဒီနို

Jul 03 , 2014

အီတလီတိုက်စစ်မှူး ဂီလာဒီနိုမှာ တရုတ်ကလပ်ဂွန်ဇူးသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း သိရသည်။

၃၁ နှစ်ရှိပြီဖြစ်သည့် ဂီလာဒီနိုမှာ စီးရီးအေကလပ် ဂျီနိုအာတွင် ကစားနေသူဖြစ်ပြီး ဂျီနိုအာမှာ အသင်းအသုံးစရိတ်ကို လျှော့ချလိုနေ သကဲ့သို့ ဂီလာဒီနိုကလည်း ဆရာဟောင်းဖြစ်ခဲ့သူ မာဆယ်လိုလစ်ပီနှင့် ဂွန်ဇူးတွင် ပြန်ဆုံရန် မျှော်လင့်နေသူ ဖြစ်သည်။

ဂီလာဒီနို အနေနှင့် အီတလီလက်ရွေးစင် အသင်းအတွက် ၅၇ ပွဲ ကစားပေးခဲ့သူဖြစ်ပြီး သူသည် လွန်ခဲ့သောရာသီက ဂျီနိုအာ အတွက် စီးရီးအေ ၂၆ ပွဲ ကစား ၁၂ ဂိုး သွင်းပေါ်ခဲ့သူ ဖြစ်သည်။

ဂျီနိုအာ အသင်းဥက္ကဌ ပရီဇီယိုစီက ဂီလာဒီနို အနေနှင့် ဂွန်ဇူး၏ ကမ်းလှမ်းချက်ကို လက်ခံ မခံ မသိသေးပါကြောင်း၊ မိမိတို့ အနေနှင့် ကစားသမားများ၏ ပျှမ်းမျှအသက်ကို လျှော့ချလိုနေပြီး လူငယ်ကစားသမားများကို ပိုမိုနေရာပေးလိုသည်ဟု ပြောဆိုသွား ခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here