Bundesliga News

ပြစ်ဒဏ်ချခံရသော ပရိသတ် ၂ ဦး

Aug 06 , 2015

၁၈၆၀ မြူးနစ်အသင်းမှ ပရိသတ် ၂ ဦးမှာမြို့ခံပြိုင်ဘက် ဘိုင်ယန်မြူးနစ်နှင့်ကစားရစဉ် ဘိုင်ယန်ပရိသတ်များနှင့် ဖြစ်ပွားခဲ့သည့် လုပ်ရပ်အတွက်ထောင်ဒဏ် ၁၅ လကျခံရန်(သို့မဟုတ်ပါက) ဘိုင်ယန်မြူးနစ်အသင်းစတိုးဆိုင် သွား၍ပစ္စည်းဝယ်ရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

တရားရုံးမှတရားသူကြီးက ကျနော်အနေနဲ့ဘောလုံးပွဲဆိုတာ အားကစားနည်းတစ်မျိုးသာဖြစ်ပြီး စစ်ပွဲတစ်ပွဲမဟုတ်ပါဘူး ဆိုတာကို ပြချင်ပါတယ်ဟု ပြေဆိုခဲ့သည်။

နာမည်အဖော်ပြသော တတိယလူတစ်ဦးပါ ပါဝင်သောယင်းတို့သည် ဘိုင်ယန်ပရိသတ်တစ်ဦးထံမှ ဘိုင်ယန်တံဆိပ်ပါဂျာကင်၊ ဂျာစီနှင့်ဦးထုပ်တို့ကို ဆွဲယူလွှင့်ပစ်ခဲ့သည်ဟုဆိုသည်။

၎င်းပစ္စည်းများ၏ တန်ဘိုးမှာပေါင် ၃၅၀ ခန့်ရှိမည်ဖြစ်ပြီး တရားခံများအနေနှင့် ပြိုင်ဘက်အသင်းစတိုးဆိုင်သို့သွား၍ ယင်းဂျာကင်၊ ဂျာစီနှင့်ဦးထုပ်များသွားဝယ် ရတော့မည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here