World CUp 2014 News

ဘရာဇီးကို မျှော်နေတဲ့ ဇူနီဂါ

Jul 04 , 2014

ကိုလံဘီယာနောက်ခံလူ ဇူနီဂါက ဘရာဇီးနှင့်ကစားရမည့်ပွဲမှာ အိပ်မက်ထဲတွင် တောင့်တခဲ့ရသော ပွဲမျိုးဖြစ်ကြောင်း ပြောဆိုလိုက် သည်။

နည်းပြ ပီကာမန်၏ ကိုလံဘီယာအသင်းမှာ ယခုနှစ် ကမ္ဘာ့ဖလားပွဲတွင် ၄ ပွဲကစား ၄ ပွဲနိုင်ဖြင့် အစွမ်းပြနိုင်သော အသင်းအဖြစ် နာမည်ရလျှက် ရှိသည်။

၂၈ နှစ်သား ဇူနီဂါက ပြင်သစ် သို့မဟုတ် ဂျာမနီနှင့်တွေ့ရမည့် ဆီမီးအဆင့်မှာ ပိုမိုခက်ခဲသော ပွဲဖြစ်လာနိုင်ပြီး ယခုဘရာဇီးနှင့်ပွဲကို ဦးစွာ ခေါင်းထဲထည့်ထားပြီး ကျော်လွှားသွားနိုင်ရန် အစွမ်းကုန်အားထုတ်သွားမည်ဖြစ်ကြောင်း၊ ဘရာဇီးနှင့်ပွဲတွင် မိမိတို့၌ မည်သည့်ဖိအားမှ ရှိမနေကြောင်း၊ အရှုံးကို ရင်ဆိုင်ရန်ကြောက်နေမည့် အိမ်ရှင်ကို ပိုမိုဖိအားပေးသွားမည်ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

ကိုလံဘီယာအသင်းမှာ ဘရာဇီးကိုသာ အနိုင်ရခဲ့ပါက အသင်းသမိုင်းတွင် ကမ္ဘာ့ဖလားဆီမီးသို့ ပထမဆုံး အကြိမ်ရောက်နိုင်သည့် စံချိန်တင်သွားမည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here