World CUp 2014 News

ကာပယ်လိုကို ရုရှားဆက်ထားမည်

Jul 04 , 2014

ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရသော်လည်း နည်းပြကာပယ်လိုမှာ ရုရှားအသင်းတွင် ဆက်ရှိမည်ဟု ဆိုသည်။

ရုရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နီကိုလိုင်က သူ့အနေနှင့် ကာပယ်လိုကို ယခင်စာချုပ်အတိုင်း ၂၀၁၈ အထိ ရှိနေစေရန် လိုလားကြောင်း ထောက်ခံပြောဆိုခဲ့သည်။

ရုရှားအသင်းမှာ ကမ္ဘာ့ဖလားတွင် အခြေမလှခဲ့ပဲ ပရိသတ်များ၏ ဝေဖန်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည်။

ထို့အပြင် ရုရှားပါလီမန် အမတ်အချို့က နည်းပြကာပယ်လိုကို ထုတ်ပယ်သင့်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

သို့သော် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကမူ ကျနော်အနေနဲ့ လာမယ့် စက်တင်ဘာမှာ ယူရို ၂၀၁၆ ခြေစစ်ပွဲတွေအတွက် စပြီးပြင်ဆင် ရတော့မှာပါ။

အိမ်ရှင် လုပ်ခွင့်ရမယ့် ၂၀၁၈ ကမ္ဘာ့ဖလားကိုအသာထားပြီး ယူရို ၂၀၁၆ မှာ အခြေအနေကောင်းဖို့ ကြိုးစားရမှာဖြစ်သလို ၂၀၁၈ အထိ စာချုပ်ထားတဲ့ လက်ရှိနည်းပြ အပေါ်မှာလည်း ကျနော် ယုံကြည်မှုအပြည့် ရှိနေပါတယ် ဟု ပြောဆိုခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here