World CUp 2014 News

နားတော့မည့် ဟောင်းဝပ်

Jul 04 , 2014

အမေရိကန် ဂိုးသမား တင်မ်ဟောင်းဝပ်က သူသည် လက်ရွေးစင်ဘ၀မှ အနားယူရန်စဉ်းစားနေပြီဟု ပြောဆိုလိုက်သည်။

ဟောင်းဝပ်မှ ယခုနှစ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနှင့် ကစားခဲ့ရာတွင် အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ပေးနိုင်ခဲ့သဖြင့် အမေရိကန်သမ္မတ အိုဘားမား၏ချီးကျူးမှုကို ခံခဲ့ရသူ ဖြစ်သည်။

၃၅ နှစ်သား ဟောင်းဝပ်မှာ ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲအတွင်း ပုတ်ထုတ် ကာကွယ်လက်စွမ်းပြနိုင်မှု အကြိမ်ရေအများဆုံး အဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။

သို့သော် ဟောင်းဝပ်က လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် သူဆက်လက်ပါဝင်နိုင်ရန် မရေရာတော့သဖြင့် အနားယူရန် စဉ်းစား လာခြင်း ဖြစ်သည်။

ဟောင်းဝပ်အနေနှင့် လက်ရှိသူ ကစားနေသော အဲဗာတန်တွင် လေးနှစ်သက်တမ်းတိုးစာချုပ်ကို လွန်ခဲ့သော ဧပြီလကမှ ချုပ်ဆို ထားသူ ဖြစ်သည်။

အမေရိကန်အတွက် ၁၀၄ ပွဲ ကစားပေးခဲ့သူ ဟောင်းဝပ်လက်ရွေးစင်အဖြစ်မှ အနားယူခဲ့ပါက ၂၅ ပွဲ ကစားပေးခဲ့ပြီဖြစ်သည့် အက်စတန်ဗီလာဂိုးသမား ဂူဇန်က အစားထိုးနေရာရရှိလာမည်ဟု သိရသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here