Bundesliga News

မူလာကိုမရောင်းတဲ့ ဘိုင်ယန်

Aug 14 , 2015

မိမိတို့အသင်းမှသောမတ်စ်မူလာကို ထုတ်ရောင်းမည်မဟုတ်ဟုဘိုင်ယန် CEO ရမ်မီနစ်ကပြောဆိုလိုက်သည်။

ရမ်မီနစ်ကကျနော်တို့ရဲ့ သူငယ်ချင်းဟောင်းကြီး ဗန်ဂေါလ်ကိုအားလုံးသိကြမှာပါ သူကမူလာကိုလိုချင်ပါတယ် ဒါပေမယ့်ကျနော်တို့ မရောင်းပါဘူးဟု ပြောဆိုခဲ့သည်။

ဆက်လက်၍ဗန်ဂေါလ်အနေနဲ့ မူလာကိုဘယ်လောက်ပေးရင် ခေါ်လို့ရနိုင်မလဲလို့တွေးချင်တွေးနေ ပါလိမ့်မယ်ဒါပေမယ့် ဘယ်လောက်ပေးပေး မရောင်းပါဘူးကျနော်တို့အနေနဲ့ ကိုယ့်အသင်းအတွက် ထိန်းထားသင့်တဲ့သူ အဝေးရောက်မသွားအောင် ကာကွယ်ရမယ့်တာဝန် ရှိပါတယ်စာချုပ်စေ့ဖို့ ၄ နှစ်ကျော်လိုပါသေးတယ် ဟုပြောဆိုသွားခဲ့သည်။

မန်ယူအသင်းမှာ ဘိုင်ယန်မှရှဝိန်းစတိုင်ဂါကို ခေါ်ယူထားပြီးဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here