Bundesliga News

ဗီဒယ်ကိုသတိပေးတဲ့ မိုင်ယာ

Aug 14 , 2015

ဗီဒယ်အနေနှင့်စီးရီးအေတွင် ကစားခဲ့စဉ်ကပုံစံမျိုး ဘိုင်ယန်တွင်ဆက် ကစားမိပါကအနီကဒ် များစွာနှင့်ရင်ဆိုင်ရနိုင်သည်ကို သတိပြုစေလိုကြောင်း ဂိုးသမားဟောင်းမိုင်ယာက သတိပေးပြောဆိုလိုက်သည်။

ဂိုးသမားဟောင်း မိုင်ယာကစီးရီးအေတွင် ကစားခဲ့သည့်ပုံစံမျိုးနှင့် ဘွန်ဒက်လီဂါတွင် ကစားရသည့်ပုံစံမတူကြောင်း၊ ထို့အတူကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ပုံမှာလည်း ကွဲပြားကြောင်း စီးရီးအေတွင်အ၀ါကဒ်ခန့်သာ အပြခံရသည့် ကစားပုံမျိုးမှာ ဘွန်ဒက်လီဂါတွင် အနီကဒ်ဖြစ်သွားနိုင်ကြောင်း ထို့ကြောင့်ဗီဒယ်အနေနှင့် ကစားပွဲများတွင်သတိထား ကစားစေလိုကြောင်း ပြောဆိုသွားခဲ့သည်။

၂၈ နှစ်သားဗီဒယ်မှာ ရှဝိန်းစတိုင်ဂါအတွက် သွားခဲ့သည့်ဘိုင်ယန်သို့ လွန်ခဲ့သောလကပြောင်းရွေ့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here