EPL News

ဖာဒီနန်နှင့်ကော်လ်ကာကို ကျူပီအာခေါ်

Jul 04 , 2014

ပရီးမီးယား တန်းတက်အသင်း ကျူပီအာသည် ဗဟိုနောက်ခံလူ ၂ ဦးဖြစ်သော ဖာဒီနန်နှင့် ကော်လ်ကာတို့ကို ခေါ်ယူရန် ကြိုးစားလျှက် ရှိသည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် ဖာဒီနန်မှာ မန်ယူမှ ထွက်ခွာခွင့်ရရှိထားပြီဖြစ်၍ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မည်သည့်အသင်းသို့ မဆို ပြောင်းနိုင်သူဖြစ်ပြီး ကာဒစ်အသင်းကပ္ပတိန် ၂၂ နှစ်သား ကော်လ်တာမှာလည်း ကျူပီအာသို့ပြောင်းရွေှ့လိုသည်ဟု ဆိုသည်။

သို့သော် ကျူပီအာအနေနှင့် ကာဒစ်မှ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးရဦးမည်ဖြစ်သည်။ နည်းပြ ရက်ဒ်နက်မှာ သူ၏ ကျူပီအာအသင်းအပေါ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီး ဂျွန်ဆင်၊ ဟုခ်ျ၊ အမ်ဘီရာ၊ လုခ်ယန်း၊ အီဖရိမ်၊ ဘလန်တာနှင့် ဟစ်ခ်ျကွတ် တို့ကို အသင်းမှထွက်ခွာခွင့်ပြုထားပြီဟု ဆိုသည်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်မှာ မန်ယူတွင် ၁၂ နှစ်တာနေခဲ့စဉ်အတွင်း ၄၅၅ ပွဲ ကစားပေးခဲ့ကာ ပရီးမီယားချန်ပီယံ ၆ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့သူဖြစ်သည်။ ကော်လ်ကာမှာ စပါးမှ ကာဒစ်သို့ ရောက်ရှိခဲ့ သူဖြစ်သော်လည်း အသင်းမှာ တန်းဆင်းသွားရသဖြင့် ထွက်ခွာခွင့် တောင်းဆိုထားသူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here