World CUp 2014 News

ဖိအားက ဘရာဇီးမှာဆိုတဲ့ ပီကာမန်

Jul 04 , 2014

ကိုလံဘီယာ နည်းပြပီကာမန်က ယနေ့ည ကစားရမည့်ပွဲတွင် ဖိအားမှာ ဘရာဇီးအသင်းတွင်သာ ရှိနေလိမ့်မည်ဟု ပြောဆိုလိုက် သည်။

ဘရာဇီးအနေနှင့် ၁၆ သင်းအဆင့်ပြိုင်ပွဲတွင် ချီလီနှင့် ကစားခဲ့ရာ၌ အချိန်ပိုအထိပါ အနိုင်မကစားနိုင်ခဲ့ပဲ နောက်ဆုံးပင်နယ်တီ အဆုံးအဖြတ်တွင်မှ အနိုင်ရခဲ့သဖြင့် ပြည်တွင်းမီဒီယာများ၏ ပြင်းထန်သောဝေဖန်မှုနှင့် ကြုံခဲ့ရသည်။

နည်းပြ ပီကာမင်က အမှားခံ၍မရတော့သော ပွဲအတွက် မိမိတို့ အစစအရာရာ ပြင်ဆင်ထားပါကြောင်း နှစ်သင်းလုံးတွင် ကစားသမားကောင်းများ ရှိနေသဖြင့်ပွဲမှာ ပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့ ရင်ဆိုင်ခဲ့ရသည့် ပွဲတိုင်းသည် စိန်ခေါ်မှုအသစ်အသစ်များကို တွေ့ကြုံဖြတ်သန်းရခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် ပရိသတ်၏ အမျှော်လင့်ကြီးမမျှော်လင့်ထား သည့် အချက်ကြောင့်စိတ်ထဲတွင် သက်သက်သာသာရှိနေသော်လည်း ဘရာဇီးမှာ ပရိသတ်ကများစွာ မျှော်လင့်ထားသော အသင်းဖြစ်သကဲ့သို့ အိမ်ရှင်လည်းဖြစ်နေ၍ နည်းပြအပါအ၀င် ကစားသမားတိုင်း၏ ပခုံးပေါ်တွင် ဖိအားကြီးစွာ ရှိနေကြောင်း ပြော ဆိုသွားခဲ့သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here