Asian Cup News

ယူ-၁၆ တွင်ဘင်္ဂလားဒက်ခ်ျဗိုလ်စွဲ

Aug 20 , 2015

တောင်အာရှဘောလုံးအဖွဲ့ချုပ် SAFF ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင်ဘင်္ဂလားဒက်ခ်ျ အသင်းဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပထမပိုင်း၌ဂိုးမရှိသရေ ကျနေခဲ့ပြီးဘင်္ဂလားဒက်ခ်ျ တိုက်စစ်မှုးဖာဟင်က ချေပဂိုးသွင်းယူခဲ့သဖြင့် သာမန်ပွဲကစားချိန်တွင် သရေကျနေခဲ့သည်။

ထို့ကြောင်းပင်နယ်တီ အဆုံးအဖြတ်ရယူရာတွင် အိမ်ရှင်ဘင်္ဂလားဒက်ခ်ျက ၄း၂ ဖြင့်အနိုင်ရကာ ချန်ပီယံဆုဆွတ်ခူး ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒက်ခ်ျအသင်းအနေနှင့် အသင်းကြီးအဆင့်ပြိုင်ပွဲများ၌ တောင်အာရှချန်ပီယံရှစ်တွင် ၂၀၀၃ ကဗိုလ်စွဲခဲ့ပြီး ၁၉၉၉ နှင့် ၂၀၀၅ တို့တွင်ဒုတိယ ရရှိခဲ့ဘူးသည်။

တောင်အာရှအားကစားပြိုင်ပွဲတွင် ၁၉၉၉ နှင့် ၂၀၁၀ တွင်ရွှေတံဆိပ်၊ ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၉၊ ၁၉၉၅ တို့တွင်ငွေတံဆိပ်နှင့် ၁၉၉၁ တွင်ကြေးတံဆိပ် ရရှိခဲ့ဘူးသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here