Serie-A News

နာပိုလီတွင် ဗားဂက်စ်ဆက်နေမည်

Jul 04 , 2014

ချီလီအသင်းတွင် အစွမ်းပြနိုင်ခဲ့သော ဗားဂက်စ်မှာ နာပိုလီကလပ်၌သာ ဆက်ရှိမည်ဟု သူ၏အေးဂျင့်က ပြောဆိုလိုက်သည်။

စီးရီးအေကလပ် နာပိုလီတွင် ကစားနေသော ဗားဂက်စ်မှာ ကမ္ဘာ့ဖလားပွဲမှ ထွက်ခဲ့ရသော်လည်း ချီလီအသင်းနှင့်အတူ သူ၏ခြေစွမ်းကို ပြသနိုင်ခဲ့သည်။

ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ဗားဂက်စ်မှာ ၂၀၁၁-၁၂ တွင် နာပိုလီသို့ စတင်ရောက်ရှိခဲ့ပြီး လူစားဝင် ကစားသမားအဖြစ် ၁၉ ပွဲသာ ကစားခဲ့ရသော်လည်း သူသည် တဖြည်းဖြည်းနှင့် ကစားပုံမှန်လာခဲ့သူ ဖြစ်သည်။

ယမန်နှစ်ကမူ သူသည် ရာသီဝက်ကို ဗလင်စီယာ၌ အငှားကစားသမားဘ၀ဖြင့် ဖြတ်သန်းခဲ့ရကာ ယခုနှစ်ဘရာဇီး ကမ္ဘာ့ဖလား ပွဲတွင်မူ လူအများသတိထားမိလာအောင် ချီလီနှင့်အတူ ကစားပြလာနိုင်ခဲ့သည်။

အေးဂျင့်ဖြစ်သူ အိုဂါဒီက ကျနော် နာပိုလီတာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ၊ သူတို့ဟာ ဗားဂက်စ်ကို အရေးပါတဲ့ ကစားသမား အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်ဟု ပြောဆိုခဲ့သည်။

ဗားဂက်စ်မှာ ကမ္ဘာ့ဖလား ပွဲအဖြစ် လက်ရှိချန်ပီယံ စပိန်ကို ၂:၀ နှင့်နိုင်ခဲ့သောပွဲတွင် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့သူ ဖြစ် သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here