World CUp 2014 News

ရွှေဘောလုံးဆုနှင့် ရိုဒရီဂုဇ်

Jul 05 , 2014

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုမည်သူ ရရှိမည်ဆိုသည် မှာလည်း စိတ်ဝင်စားစရာကောင်းလာပြီ ဖြစ်သည်။

လောလောဆယ်တွင် သွင်းဂိုးအများဆုံး ရရှိထားသူမှာ ၆ ဂိုးသွင်းထားသည့် ကိုလံဘီယာတိုက်စစ်မှူး ရိုဒရီဂုဇ် ဖြစ်သည်။ သို့သော် ရိုဒရီဂုဇ်၏ ကိုလံဘီယာအသင်းမှာ ဘရာဇီးကို ရှုံးကာပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်၍ နောက်ထပ်ဂိုး ရရှိနိုင်တော့မည်မဟုတ်သဖြင့် ကျန်ရှိသော ကစားသမားများ၏ ဂိုးသွင်းနိုင်မှုကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။

လက်ရှိတွင် ပြိုင်ပွဲကစားရန် ရှိသေးသည့် အသင်းများမှ သွင်းဂိုး ၃ ဂိုးနှင့် အထက် ရရှိထားသူ ၆ ဦးကျန်ရှိနေသေးပြီး ၎င်းတို့မှာ ၄ ဂိုးသွင်းထားသည့် မူလာ (ဂျာမနီ)၊ မက်ဆီ (အာဂျင်တီးနား)၊ နေမာ(ဘရာဇီး)၊ ရော်ဘင် (ဟော်လန်)၊ ဗန်ပါစီ (ဟော်လန်) နှင့် ရှာကီရီ (ဆွစ်ဇာလန်) တို့ ဖြစ်သည်။

နေမာမှာ ၄ ဂိုးရရှိထားသော်လည်း ဒဏ်ရာကြောင့်ပြိုင်ပွဲမှ ထွက်ရပြီဖြစ်၍ ကျန် ၅ ဦးအနက် မည်သူက ရိုဒရီဂုဇ်၏ ၆ ဂိုးစံချိန်ကို လိုက်မီနိုင်ခြင်းရှိမရှိ စောင့်မျှော်ကြရဦးမည် ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here