Bundesliga News

စံချိန်တင်နိုင်ပွဲများနှင့် ဒေါ့မွန်

Aug 31 , 2015

ဘွန်ဒစ်လီဂါကလပ်ဒေါ့မွန်မှာ ယခုရာသီပြိုင်ပွဲအရပ်ရပ်၌စုစုပေါင်း ၈ ပွဲဆက်တိုက်အနိုင်ရခဲ့သောကြောင့် ရာသီအစရလဒ်အကောင်းဆုံး ရာသီအဖြစ်စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။

ဒေါ့မွန်မှာယခု ၂၀၁၅-၁၆ ရာသီတွင်ပြိုင်ပွဲအသွင် ကစားရသောပွဲများ၌ဇူလိုင် ၃၀ ရက်နေ့နှင့်သြဂုတ် ၆ ရက်နေ့များကယူရိုပါလိဂ်ပွဲများတွင် ၀ုလ်စ်ဘာဂါကိုနှစ်ကျော့လုံး နိုင်ခဲ့ပြီးသြဂုတ် ၉ ရက်နေ့ဂျာမန်ဖလားပွဲတွင် ချမ်နစ်ဇာကို၎င်း odd နှင့်ကစားရသည့် ယူရိုပါလိဂ်နှစ်ကျော့လုံးတွင် ၎င်းအနိုင်ရခဲ့ပြီးဘွန်ဒစ်လီဂါအဖွင့် ၃ ပွဲလုံးတွင်လည်း အနိုင်ရရှိခဲ့သည်။

ဒေါ့မွန်အသင်းကို လက်ရှိကိုင်တွယ်နေသူမှာ သောမတစ်တူချယ်ဖြစ်ပြီး ဂျာ့ဂက်ကလော့ပ်နေရာတွင် အစားထိုးရန်ခန့်အပ်ခံရသူဖြစ်သည်။

ဘွန်ဒစ်လီဂါတွင် ၃ ပွဲကစား ၉ မှတ်ဖြင့်ဇယားထိပ်ဆုံးရောက်နေသော ဒေါ့မွန်မှာယခုရာသီကစားခဲ့သည့် ၈ ပွဲတွင်စုစုပေါင်းဂိုး ၃၀ သွင်းယူခဲ့ပြီးဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here