World CUp 2014 News

ကမ္ဘာ့ဖလားနဲ့ ဝေးတဲ့နေမာ

Jul 05 , 2014

ဘရာဇီးတိုက်စစ်မှူးနေမာမှာ ကိုလံဘီယာကို ၂:၁ ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် လာမည့်ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဟု သိရသည်။

ဘရာဇီးအသင်း ဆရာဝန် လက်စ်မာက ဘာစီလိုနာစတား နေမာမှာ ကိုလံဘီယာနှင့် ပွဲတွင်ရရှိခဲ့သောဒဏ်ရာကြောင့် လာမည့်ပွဲ များတွင် ကစားနိုင်တော့မည်မဟုတ်ကြောင်း ယခုသတင်းမှာ အသင်းအတွက် သတင်းကောင်း မဟုတ်သော်လည်း အမှန်ပင်ဖြစ် ပါကြောင်း၊ နေမာ၏ ကျောရိုးဆစ်တွင် ပြဿနာရှိနေကြောင်း ခွဲစိတ်န် အရေးတကြီးလိုအပ်ခြင်း မရှိသော်လည်း အနားယူရ မည်ဖြစ်ကြောင်း နားရမည့် အချိန်မှာ ၇ ရက်ခန့်ဖြင့် လုံလောက်မည်မဟုတ်သောကြောင့် ဘရာဇီးအနေနှင့် ဖိုင်နယ်ရောက်ရှိ လျှင်သော်မှ နေမာ ပါဝင်နိုင်မည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဘရာဇီးမှာ ဆီမီးဖိုင်နယ်တွင် ဂျာမနီနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ယင်းပွဲတွင် နောက်ခံလူနှင့် ကပ္ပတိန်ဖြစ်သူ ဆေးလ်ဗားမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်သဖြင့် နည်းပြ စကိုလာရီအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ရသည်။ နေမာမှာ ကိုလံဘီယာမှ ဇူနီဂါနှင့် ထိခိုက်မိကာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here