World CUp 2014 News

ရော်ဘင် ဒိုက်ထိုးမည်ကို စိုးရိမ်နေ

Jul 05 , 2014

ကော်စတာရီကာ နည်းပြပင်တိုက မိမိအနေနှင့် ယနေ့ညပွဲတွင် ဟော်လန်မှရော်ဘင် ဟန်ဆောင်လှဲချဒိုက်ထိုးမည့်အရေးကို ပူပန်မိကြောင်း ပြောဆိုလိုက်သည်။

ရော်ဘင်မှာပြီးခဲ့သည့် မက္ကဆီကိုနှင့်ပွဲတွင် ဟန်ဆောင်လှဲချမိခဲ့ကြောင်းကို ကိုယ်တိုင်ဝန်ခံခဲ့သူဖြစ်ပြီး သူ၏ အမူအကျင့်နှင့် ပတ်သက်၍ ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။

အသက် ၃၀ရှိပြီဖြစ်သည့် ရော်ဘင်နှင့် ပတ်သက်၍ နည်းပြပင်တိုက ကျနော် ဖီဖာကိုကော၊ ဒိုင်တွေကိုပါ ပြောချင်တာ က ရော်ဘင်ရဲ့ အမူအကျင့်အတွက် တကယ်စိုးရိမ်မိတာမို့ သူ့ကို သေချာစောင့်ကြည့်စေချင်ပါတယ်။ တကယ်လို့ နောက်တစ်ခါ ထပ်လုပ်ခဲ့ရင်လည်း တကယ့်ကို ပြစ်ဒဏ်ကြီးကြီး ပေးသင့်ပါတယ်ဟု ပြောဆိုခဲ့သည်။

ဟော်လန်အသင်းမှာ မက္ကဆီကိုနှင့် ပွဲတွင် ရှုံးနေရာမှ နောက်ဆုံး ၃ မိနစ်အတွင်း ၂ ဂိုးသွင်းနိုင်၍သာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုး ရစေခဲ့သည့် ပင်နယ်တီမှာ ရော်ဘင်ကိုမက္ကဆီကိုမှ မာကွက်ဇ်က အ၀င်ကြမ်းခဲ့၍ ရရှိခဲ့ခြင်းဖြစ်သည်။ ရော်ဘင်၏ ဟန်ဆောင်လှဲချမှုအပေါ်တွင် ဖီဖာက မည်သည့်စည်းမျဉ်ကိုမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိ၍ ဟုဆိုကာ မည်သည့်ပြစ်ဒဏ်မျှ ချမှတ် ခဲ့ခြင်းမရှိပေ။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here