World CUp 2014 News

ထပ်မရှုံးလိုတဲ့ ဘယ်လ်ဂျီယံ

Jul 05 , 2014

ဘယ်လ်ဂျီယံနည်းပြ ၀ီလ်မော့စ်က မိမိတို့ အသင်းအနေနှင့် ၁၉၈၆ နောက်ပိုင်းပထမဆုံးအကြိမ် ဆီမီးတက်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ပြီး အာဂျင်တီးနားကို ထပ်မရှုံးလိုဟု ပြောဆိုခဲ့သည်။

ဘယ်လ်ဂျီယံမှာ အာဂျင်တီးနားနှင့် ကွာတားဖိုင်နယ်အဖြစ် ယနေ့ဘရာစီလီယာတွင် ရင်ဆိုင်ကြရမည်ဖြစ်ပြီး ၎င်းတို့အသင်း သမိုင်းတလျှောက် ဆီမီးဖိုင်နယ်ပထမဆုံး ရောက်ခဲ့သည့် ၁၉၈၆ တွင် မာရာဒိုနာ ပါဝင်သော အာဂျင်တီးနားကို ရှုံးခဲ့ရသည်။ ၀ီလ်မော့စ်က ကျတော်တို့ဟာ ကိုယ့်သမိုင်းကိုယ်ရေးနိုင်သူတွေပါ။ကျနော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း ကစားသွားကြမှာပါ။ ကျနော် တို့ဟာ ခံစစ်ကို ဦးစားပေးမှာမဟုတ်ပါဘူး။

ခံစစ်နဲ့ တိုက်စစ်မျှအောင် ကစားမှာပါ ဟု ပြောဆိုသွားခဲ့သည်။ ဘယ်လ်ဂျီယံမှာ ၁၉၈၆ ဆီမီးရောက်ခဲ့ပြီးနောက် ၁၉၉၀ နှင့် ၁၉၉၄ တွင် ၁၆ သင်းအဆင့်၊ ၁၉၉၈ တွင် အုပ်စုအဆင့်၊ ၂၀၀၂ တွင် ၁၆ သင်းအဆင့်တို့သို့ ရောက်ရှိခဲ့သော်လည်း ၂၀၀၆ နှင့် ၂၀၁၀ တွင် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိသဖြင့် ယခု ၂၀၁၄ တွင် မှတ်တမ်းကောင်း ရရှိရေးအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here