Bundesliga News

တစ်လနားရမည့်ရော်ဘင်

Sep 05 , 2015

အိုက်စလန်ကို ၁းဝ ဖြင်ရှုံးနိုမ့်ခဲ့သောယူရို ၂၀၁၆ ခြေစစ်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ဟော်လန်အသင်းခေါင်းဆောင် ရော်ဘင်မှာတစ်လခန့်နားရမည်ဖြစ်သည်။

ဘိုင်ယန်တောင်ပံ ကစားသမားလည်းဖြစ်သူ ရော်ဘင်မှာပွဲချိန်မိနစ် ၃၀ တွင်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့နားရမည်ဖြစ်သည့်အတွက် ဟော်လန်လူစာရင်းတွင် ဆန်းဒါးလန်းကစားသမားလန်းစ်ကို အစားထိုးထည့်သွင်းထားပြီးဖြစ်သည်။

ရော်ဘင်မှာဒဏ်ရာမကြာခဏ ရလာတက်သူဖြစ်ပြီး ယင်းဒဏ်ရာကိစ္စကြောင့်ပင် ဘိုင်ယန်၏တရုတ်သို့ သွားသောရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ရသေးသူဖြစ်သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ရော်ဘင်ကကျနော်အနေနဲ့ ကစားနိုင်မယ်လို့ထင်ပေမယ့် အထူးကုတွေကကျနော်နားကို နားရမယ်လို့ပြောပါတယ် ဒါပေမယ့်ကျနော်ကြံ့ခိုင်မှုက အကောင်းကြီးပါအကောင်းဆုံး ပုံစံနဲ့ကစားနိုင်ပါတယ် ဟုပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here