Euro 2016

အဖမ်းခံရသော ပရိသတ်များ

Sep 05 , 2015

ဂိုးမရှိသရေကျခဲ့သော ဟန်ဂေရီနှင့်ရိုမေရီးယားတို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ခိုက်ရန်ဖြစ်ပွားခဲ့သောနှစ်ဘက် ပရိသတ် အချို့ကိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရကြောင်းသိရသည်။

ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပက်စ်တွင်ကစားခဲ့သည့် ယင်းပွဲအတွက်အားပေးရန် လာရောက်ခဲ့သောနှစ်ဖက်ပရိသတ်များမှာ ကွင်းအတွင်းတွင်သာမက ကွင်းအပြင်ဘက်တွင်ပါ ဆူပူသောင်းကျန်းခဲ့ကြသဖြင့် လုံခြုံရေးရဲများကမီးသတ်ကားများကိုပါ အသုံးပြု၍လူစုခွဲခဲ့ရသည်။

ရိုမေနီးယားအသင်းမှာ ယူရိုခြေစစ်ပွဲအုပ်စု F တွင်ရှုံးပွဲမရှိသေးပဲ ၄ ပွဲသရေကစားထားကာဟန်ဂေရီက ၃ ပွဲနိုင် ၃ ပွဲသရေကစားထားကာဟန်ဂေရီက ၃ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးထားသဖြင့် ၇ ပွဲကစားပြီးချိန်တွင် ရိုမေးနီးယားက ၁၅ မှတ်ဖြင့်ဒုတိယနေရာ၊ ဟန်ဂေရီက ၁၂ မှတ်ဖြင့်တတိယနေရာတွင် ရှိနေကြသည်။

ရိုမေနီးယားနှင့်ဟန်ဂေရီက လွန်ခဲ့သောအောက်တိုဘာလ ရိုမေနီးယားအိမ်ကွင်းတွင်တွေ့ဆုံ ခဲ့စဉ်ကလည်း ၁ ဂိုးစီသရေကျထားခဲ့ကြသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here