Euro 2016

ခြေစမ်းပွဲမဟုတ်ဘူးဆိုတဲ့ အင်လာ

Sep 08 , 2015

ခြေစစ်ပွဲအောင်မြင်ရန်မျှော်လင့်ချက်ဖြင့် ယနေ့ညအင်္ဂလန်နှင့်ကစားရမည့် ပွဲမှာခြေစမ်းပွဲမဟုတ်ကြောင်း အသင်းဖော်များကိုဆွစ်ဇာလန် ကပ္ပတိန်အင်လာက  သတိပေးလိုက်သည်။

အင်္ဂလန်အသင်းမှာခြေစမ်းပွဲ အောင်ပြီးသွားပြီဖြစ်ပြီး ဆွစ်ဇာလန်မှာအင်္ဂလန်ကဲ့သို့ တိုက်ရိုက်ခြေစစ်ပွဲအောင်ရေးအတွက် ရလဒ်ကောင်းရန် လိုအပ်နေသေးသည့် အသင်းဖြစ်သည်။

ဆွစ်ဇာလန်အသင်းမှာ ၃ ပွဲကျန်အခြေအနေတွင် အုပ်စုတတိယနေရာမှ အက်စတိုးနီးယားထက် ၅ မှတ်အသာရထားပြီးယင်းလက်ကျန် ၃ ပွဲတွင်လေးမှတ်သာရခဲ့ပါက ဂိုးကွာခြားချက်အရ အသာစီးရမည့်အနေအထားတွင်ရှိနေသည်။

လွန်ခဲ့သောလတွင်နာပိုလီမှ လီဆက်စတာသို့ပြောင်းရွေ့လာသော ၃၁ နှစ်သားအင်လာက မိမိတို့အနေနှင့်လက်ကျန် ၂ ပွဲလုံးကိုအစွမ်းကုန်ကစား ရလိမ့်မည်ဖြစ်ကြောင်း တစ်မှတ်ရလျှင်အခြေအနေကောင်း နိုင်သည်ဆိုသော်ငြားလည်း ထိုသို့သောစိတ်နှင့်ကစားရမည် မဟုတ်ပဲနိုင်ပွဲအတွက် ရည်မှန်းထားရမည် ဖြစ်ကြောင်းပြောဆိုသွားခဲ့သည်။

ဆွစ်ဇာလန်အသင်းမှာအင်္ဂလန်၊ ဆန်မာရီနို၊ အက်စတိုးနီးယားတို့နှင့်ကစား ရဦးမည်ဖြစ်ပြီးအက်စတိုးနီးယားက စလိုဗေးနီးယား၊ အင်္ဂလန်၊ ဆွစ်ဇာလန်တို့နှင့် ကစားရဦးမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here