Euro 2016

ပရိသတ်များဝေဖန်ခံနေရသည့် ဂီရော့ဒ်

Sep 08 , 2015

ပြင်သစ်လက်ရွေးစင်နှင့် အာဆင်နယ်တိုက်စစ်မှုး ဂီရော့ဒ်မှာဆာဘီးယားနှင့် ကစားခဲ့သည့်ခြေစမ်းပွဲတွင်ခြေစွမ်း မပြနိုင်ခဲ့သည့် အပေါ်ပရိသတ်များက ၀ိုင်းဝန်းဝေဖန် လှောင်ပြောင်းခဲ့ကြောင်းသိရသည်။

ဆာဘီးယားကို ၂း၁ နှင့်နိုင်ခဲ့သောယင်းခြေစွမ်းပွဲတွင် ဂီရော့ဒ်မှာပွဲချိန် ၆၂ မိနစ်တွင်ဘင်ဇီမာနှင့် လူစားလဲခံခဲ့ရသည်။

အာဆင်နယ်နှင့်အတူ ပရီးမီးယားပွဲဦးထွက် ၄ ပွဲတွင် ၁ ပွဲသာဂိုးသွင်းနိုင်ခဲ့သော ဂီရော့ဒ်မှာပုံမှန်ခြေစွမ်း ရရှိရေးအတွက်ရုန်းကန်နေရဆဲဖြစ်သည်။

ယခုပွဲတွင်ပြင်သစ်အတွက်မာတူဒီက ၂ ဂိုးလုံးသွင်းယူပေးသွားခဲ့ပြီးယူရို ၂၀၁၆ တွင်အိမ်ရှင်လုပ်ရမည့်ပြင်သစ်အတွက် ပုံမှန်နေရာရရှိရေးမှာ ဂီရော့ဒ်အတွက် မရေရာသေးပေ။

ဂီရော့ဒ်အနေနှင့်ဝဲလ်ဘက် မရှိသေးသောအာဆင်နယ် တိုက်စစ်တွင်ပုံမှန်ကစားခွင့် ရနိုင်ဦးမည်ဖြစ်ပြီး လာမည့်စနေနေ့တွင် စတုတ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ 

U Myo Thant




<< Back Euro 2016


Advertisement
Here