World CUp 2014 News

ဇူနီဂါကို ပြစ်ဒဏ်ပေးရန် တောင်းဆို

Jul 07 , 2014

မိမိတို့ တိုက်စစ်မှူးနေမာကို ကြမ်းတမ်းစွာကစားခဲ့သူ ကိုလံဘီယာခံစစ်မှူး ဇူနီဂါကို ဖီဖာအနေနှင့် ပြစ်ဒစ်ပေးရန် ဘရာဇီးဘောလုံး အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

 နေမာမှာ ယခုနှစ်ကမ္ဘာ့ဖလားပွဲတွင် ၄ ဂိုးအထိသွင်းယူထားသူဖြစ်ပြီး ကွာတားဖိုင်နယ်အဖြစ် ကိုလံဘီယာနှင့်ကစားခဲ့ရာတွင် ညာနောက်ခံလူ ဇူနီဂါ၏ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် ကျောဆစ်ရိုးကျိုးသည်အထိ ဒဏ်ရာရခဲ့ကာ ကမ္ဘာ့ဖလား လက်ကျန် ပွဲများနှင့် လွဲချော်ရပြီဖြစ်သည်။

ထိုအဖြစ်အပျက်ကို ကွင်းလယ်ဒိုင် ဗီလက်စကိုမှ မည်သို့မျှ အရေးယူခဲ့ခြင်းမရှိပဲ ဘရာဇီးမှာ ၎င်းတို့၏ အားကိုးရသော တိုက်စစ်မှူး မပါပဲ ဆီမီးတွင် ဂျာမနီကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ထို့အပြင် ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် ကိုလံဘီယာနှင့်ပွဲတွင် အ၀ါကဒ်အပြခံခဲ့ရ၍ ၂ ပွဲဆက် အ၀ါကြောင့် ဆီမီးနှင့်လွဲတော့မည့် အသင်းခေါင်းဆောင်နောက်ခံလူ ဆေးလ်ဗား ပွဲပယ်ပြစ်ဒဏ်အပေါ်တွင်လည်း အယူခံဝင်ခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here