Euro 2016

ပထမဆုံးအဝေးဂိုးနှင့် ဆန်မာရီနို

Sep 09 , 2015

လစ်သူရေးနီးယားနှင့် ကစားခဲ့သောယူရို ၂၀၁၆ ခြေစစ်ပွဲတွင်ဆန်မာရီနိုအသင်းမှာ ၂း၁ ဖြင့်ရှုံးခဲ့သော်လည်း ၁၄ နှစ်အတွင်းပထမဆုံး အဝေးကွင်းဂိုးကို သွင်းယူနိုင်ခဲ့မှုအတွက် အသင်းသားများပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြကြောင်းသိရသည်။

ထိုပွဲစဉ်တွင်အိမ်ရှင် လစ်သူရေးနီးယားက ၇ မိနစ်မှာပင်ဦးဆောင်ဂိုး သွင်းခဲ့သော်လည်း ၅၅ မိနစ်တွင်ဗီတိုင်အိုလီက ဆန်မာရီနိုအတွက်ချေပဂိုး သွင်းပေးခဲ့ကာလစ်သူရေးနီးယားက နာကျင်အချိန်ပို ၂ မိနစ်မှသာအနိုင်ဂိုး သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

ဆန်မာရီနိုအသင်းမှာ ၂၀၀၁ ခုနှစ်လတ်ဗီးယားနှင့် ကစားခဲ့သောအဝေးကွင်းပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၁၄ နှစ်အကြာယခုပွဲစဉ်မှသာနောက်ထပ် အဝေးကွင်းဂိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆန်မာရီနိုအသင်းမှာ ပြိုင်ပွဲအသွင်ကစားရသည့် ပွဲစဉ်များတွင်ယခုအဝေးကွင်း ဂိုးမှာအသင်းသမိုင်းတစ်လျှောက် ပဉ္စမမြောက်အဝေးကွင်းဂိုးလည်းဖြစ်သည်။

ယခုဂိုးသွင်းပြီးချိန်တွင် ဗီတိုင်အိုလီနှင့်အတူ အသင်းဖော်များနှင့် နည်းပြအဖွဲ့ဝင်များအောင်ပွဲခံ ကြည်နူးပျော်ရွှင် သွားခဲ့ကြလေသည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here