Bundesliga News

ဒုက္ခသည်တွေကိုဖိတ်ခေါ်တဲ့ ၀ုလ်စ်ဘတ်

Sep 12 , 2015

ဂျာမနီဘွန်ဒစ်လီဂါကလပ်တစ်ခုဖြစ်သော ၀ုလ်စ်ဘတ်မှာအိမ်ကွင်းတွင် CSKA မော်စကိုနှင့်ကစားရမည့် ချန်ပီယံလိဂ်အုပ်စုပွဲသို့ နိုင်ငံတွင်းရောက်ရှိနေသည့် တိုင်းတစ်ပါးဒုက္ခသည် ၁၂၀၀ ကိုဖိတ်ခေါ်ကြည့်ရှုစေမည်ဖြစ်သည်။

ဂျာမန်ဖလားရထားသော ၀ုလ်စ်ဘတ်မှာချန်ပီယံလိဂ်တွင် မန်ယူနှင့်တစ်အုပ်စုတည်း ကျနေသည့်အသင်းဖြစ်ပြီး ဥရောပတစ်ဝှမ်းကြုံတွေ့နေရသည့် အရှေ့အလယ်ပိုင်းဒေသ ဒုက္ခသည်များအရေးအတွက် ယခုပွဲစဉ်မှလက်မှတ်တစ်စောင်းရောင်းလျှင် ၁ ယူရိုနှုန်းဖြင့်လှုဒါန်းမည်ဖြစ်သည်။

ဆီးရီးယားကဲ့သို့သော ပြည်တွင်းစစ်ဖြစ်နေသည့်ဒေသများမှ ဒုက္ခသည်ထောင်ပေါင်းများစွာမှာ ဂျာမနီ၊ ဟန်ဂေရီ၊ သြစတြေးယားအစရှိသော ဥရောပနိုင်ငံများဆီသို့ထွက်ပြေး တမ်းရှောင်ဝင်ရောက်လာနေလျက်ရှိသည်။

ဝုလ်စ်ဘတ်အသင်းမှာ ဘွန်ဒစ်လီဂါအိမ်ကွင်းပွဲစဉ်တွင်လည်း ဒုက္ခသည် ၈၀၀ ကိုအခမဲ့ပွဲကြည့်ရှုခွင့်ပေးခဲ့ပြီး အခြားကလပ်တစ်ခုဖြစ်သော ဘိုင်ယန်မြူးနစ်အသင်းက ဒုက္ခသည်များရန်ပုံငွေအတွက် ယခုလအစောပိုင်းတွင်ပေါင် ၇၂၀၀၀၀ လှုဒါန်းထားပြီးဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here