EPL News

နိုင်ငံခြား ပြောင်းမည့်ကိုးလ်

Jul 07 , 2014

ချဲလ်ဆီးမှ ထွက်ခွာခွင့်ရထားသူ နောက်ခံလူ အက်ရှ်လေကိုးလ်မှာ ပရီးမီးယားလိဂ်တွင် မကစားတော့ပဲ အခြားလိဂ်တစ်ခုခု သို့ ပြောင်းရွှေ့လိမ့်မည်ဟု ၎င်းတို့၏ အေးဂျင့်က ပြောဆိုလိုက်သည်။

ကိုးလ်မှာ ချဲလ်ဆီးထံမှ စာချုပ်သက်တမ်းတိုးရေး ကမ်းလှမ်းခြင်းမခံရသည့်နောက် အသင်းပြောင်းရန် သေချာသွားခဲ့သူဖြစ်ပြီး ရိုးမားနှင့် သဘောတူညီမှုရပြီဆိုသည်မှာလည်း မဟုတ်သေးကြောင်း သိရသည်။

၃၃ နှစ်သား ကိုးလ်မှာ စီးရီးအေကလပ် တစ်ခုခုသို့ ပြောင်းရွှေ့လိမ့်မည်ဟု သတင်းထွက်နေသော်လည်း မည်သည့်ကလပ် အသင်းဆိုသည်ကို မသိရသေးပေ။

အက်ရှ်လေကိုးလ်မှာ ၁၉၉၉ နိုဝင်ဘာတွင် အာဆင်နယ်ကသင်း၌ စတင်ပါဝင်ခွင့်ရခဲ့ပြီး ၂၀၀၂ မတ်လတွင် အင်္ဂလန် လက်ရွေးစင်အဖြစ် ပွဲဦးထွက် ကစားခွင့်ရရှိခဲ့သည်။

၂၀၀၂ တွင် ဘယ်နောက်ခံလူအဖြစ် ပုံမှန် ကစားခွင့်ရခဲ့ပြီး အာဆင်နယ်နှင့်အတူ ပရီးမီးယားနှင့် FA ဖလားရခဲ့သည်။

၂၀၀၆ တွင် ချဲလ်ဆီးသို့ ရောက်ရှိလာခဲ့ပြီး ပရီးမီးယားနှင့် FA ဖလားကို ၂၀၁၀ တွင် ထပ်မံရရှိခဲ့သည်။

၂၀၁၄ မေလတွင် အင်္ဂလန်လက်ရွေးစင် အဖြစ်မှ အနားယူခဲ့ပြီး ယင်းလတွင်ပင် ချဲလ်ဆီးမှ ထွက်ခွာတော့မည်ဟု ကြေညာခဲ့ သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here