AFC Champion News

ယောင်္ကျားအတားခံရသော အီရန်သူ

Sep 16 , 2015

အီရန်အမျိုးသမီးဘောလုံး အသင်းကပ္ပတိန်အာဒါလန်မှာ ယောင်္ကျားဖြစ်သူ၏ ခွင့်ပြုချက်မရသဖြင့် AFC ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် လက်လွတ်ခဲ့ရကြောင်းသိရသည်။

အသက် ၃၀ ရှိပြီဖြစ်ပြီးအီရန်တွင်လေဒီဂိုးလ်ဟု အမည်ပေးခံရသည့် အာဒါလန်မှာအထက်ပါပြိုင်ပွဲ အတွက် အသင်းနှင့်လေ့ကျင့်ရေး ဆင်းနေသော်လည်း ယောင်္ကျားဖြစ်သူအားကစား ဂျာနယ်လစ်မက်ဒီက ပတ်စ်ပို့သက်တမ်း တိုးခွင့်မပေးပဲ သိမ်းဆည်းထားကြောင်းနှင့် အသက် ၇ နှစ်ရှိပြီဖြစ်သည့် သားဖြစ်သူကျောင်းစ တက်ရမည့်နေ့တွင် မိခင်ဖြစ်သူအာဒါလန်ကို အိမ်တွင်သာရှိစေချင်၍ ဟုအကြောင်းပြခဲ့သည်။

အာဒါလန်ကကျမယောင်္ကျားက ကျမပက်စ်ပို့ကိုသိမ်းထားပါတယ် ကျမကအဲ့ဒီပြိုင်ပွဲအတွက် အသင်းလူစာရင်းမှာပါပေမယ့် အခုတော့အဲ့ဒီပွဲစဉ်တွေကို လွဲချော်တော့မယ်ထင်ပါတယ် ကျမအနေနဲ့သက်ဆိုင်ရာကို တင်ပြထားသလိုအမျိုးသမီး အားကစားအဖွဲ့ချုပ်ကိုလည်း ကျမအခွင့်အရေးအတွက် တောင်းဆိုထားပါတယ် ဟုပြောဆိုသွားခဲ့သည်။

ထိုပြိုင်ပွဲကိုမလေးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အစ္စလာမ်ဥပဒေအရ လက်ထပ်ထားသည့် အမျိုးသမီးများ အနေနှင့်ခင်ပွန်းသည် ထံမှခွင့်ပြုချက်ရရန် လိုအပ်သည်ဟုဆိုသည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here