Bundesliga News

ဂိုးစတင်းသွင်းခဲ့သော ဟာနန်ဒက်စ်

Sep 17 , 2015

မန်ယူမှပြောင်းရွေ့သွားခဲ့သော မက္ကဆီကိုတိုက်စစ်မှုးဟာနန်ဒက်စ်မှာ ချန်ပီယံလိဂ်ပွဲစဉ်တွင်လေဗာကူဆင် အတွက်ပထမဆုံးဂိုးစတင်း သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။

အိမ်ရှင်လေဗာကူဆင်အသင်းက BATE ကိုဧည့်ခံကစားရသည့်ထိုပွဲစဉ်တွင် အိမ်ရှင်ဘက်မှကယ်ဟာနိုလူခြေစွမ်း ပြနိုင်ခဲ့ပြီးကိုယ်တိုင်လည်း ၂ ဂိုးသွင်းယူခဲ့သည်။

၎း၁ ဖြင့်နိုင်သောထိုပွဲတွင် တတိယမြောက်ဂိုးကိုဟာနန်ဒက်စ်က သွင်းယူခဲ့ခြင်းဖြစ်ကာလေဗာကူဆင် သို့ပြောင်းရွေ့လာပြီးနောက် ဂိုးစတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လေဗာကူဆင်မှဘွန်ဒစ်လီဂါတွင် ၄ ပွဲကစား ၆ မှတ်ဖြင့်အဆင့် ၁၃ သို့ရောက်နေသော်လည်း ယခုကဲ့သို့ချန်ပီယံလိဂ်တွင် ပွဲဦးထွက်နိုင်ပွဲရခဲ့သဖြင့်အုပ်စု E တွင် ၃ မှတ်ဖြင့်ဦးဆောင်နေကာ ဘာစီလိုနာနှင့်ရိုးမားတို့မှာ ၁ မှတ်စီဖြင့်အဆင့် ၂ နှင့် ၃ တို့တွင်ရှိနေကြသည်။

လေဗာကူဆင်မှာလာမည့် ၃၀ ရက်နေ့တွင်ဘာစီလိုနာနှင့် အဝေးကွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး အခြေအနေကောင်းစေရန် အားထုတ်ရဦးမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here