AFC Champion News

ယူ-၁၆ ခြေစစ်ပွဲများပြီးဆုံး

Sep 21 , 2015

အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် ၂၀၁၆ AFC ယူ-၁၆ ပြိုင်ပွဲအတွက်ခြေစစ်ပွဲနောက်ဆုံး ပွဲစဉ်များကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည်။

အုပ်စု ၁၁ စုခွဲ၍ခြေစစ်ပွဲများ ကစားစေခဲ့ခြင်းဖြစ်ပြီး အုပ်စုဗိုလ်အဖြစ်နှင့် တိုက်ရိုက်ခြေစစ်ပွဲအောင် သွားခဲ့သော အသင်းများမှာ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မလေးရှား၊ ကူဝိတ်၊ အီရန်၊ အီရတ်၊ အိုမန်၊ ဥဇဘက်ကစ္စတန် အသင်းများဖြစ်ကြသည်။

ဒုတိယအကောင်းဆုံး ၄ သင်းစာရင်းဝင်အဖြစ်နှင့် ခြေစစ်ပွဲအောင်ရန်မျှော်လင့် သွားနိုင်သေးသည့် အသင်းများအဖြစ်ယီမင် ၃ ပွဲကစား ၆ မှတ်၊ နီပေါ ၃ ပွဲကစား ၆ မှတ်၊ တာဂျစ်ကစ္စတန် ၃ ပွဲကစား ၆ မှတ်၊ ယူအေအီး ၂ ပွဲကစား ၃ မှတ်၊ လာအို ၄ ပွဲကစား ၈ မှတ်၊ ထိုင်း ၃ ပွဲကစား ၆ မှတ်၊ တရုတ် ၃ ပွဲကစား ၆ မှတ်၊ ဗီယက်နမ် ၃ ပွဲကစား ၆ မှတ်၊ ဟောင်ကောင် ၂ ပွဲကစား ၃ မှတ်ရအသင်းများဖြစ်သည်။

AFC ၏နောက်ဆုံးထုတ်ပြန်ချက်အရ ဒုတိယအကောင်းဆုံး ၄ သင်းအဖြစ်ဗီယက်နမ်(၃ ပွဲကစား-၆မှတ်၊ ဂိုးကွာခြားချက်+၂၁)၊ ထိုင်း(၃ ပွဲကစား-၆မှတ်၊ ဂိုးကွာခြားချက်+၄)၊ နီပေါ(၃ ပွဲကစား-၆မှတ်၊ ဂိုးကွာခြားချက်+၁)၊ ယူအေအီး(၂ ပွဲကစား-၃မှတ်၊ ဂိုးကွာခြားချက်+၁) တို့ကိုရွေးချယ်သတ်မှတ် လိုက်ကြောာင်းသိရသည်။

အမှတ်တူပြီးဂိုးကွာခြားချက် အသာစီးရသော်လည်း အချို့အသင်းများမှာအကောင်းဆုံးဒုတိယ ၄ သင်းစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိပေ။

 

U Myo Thant

<< Back AFC Champion News


Advertisement
Here