Bundesliga News

၉ မိနစ်အတွင်း ၅ ဂိုးသွင်းခဲ့သူ

Sep 23 , 2015

ဝုလ်စ်ဘတ်နှင့်ကစားခဲ့ရသည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဘိုင်ယန်တိုက်စစ်မှုး လီဂန်ဒေါစကီးမှာ ၉ မိနစ်အတွင်း ၅ ဂိုးဆက်တိုက်သွင်းနိုင်သူအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။

ပရိသတ် ၇ သောင်းခွဲလာရောက် ကြည့်ရှုခဲ့သောထိုအိမ်ကွင်းပွဲစဉ်တွင် ဘိုင်ယန်အသင်းမှာ ၀ုလ်စ်ဘတ်မှကာလီဂီရီ၏ ၂၆ မိနစ်သွင်းဂိုးကြောင့် အနောက်မှလိုက်ကစား ခဲ့ရသည်။

ဒုတိယပိုင်းပွဲချိန် ၅၁ မိနစ်လီဝန်ဒေါစကီးကချေပဂိုး သွင်းယူပေးခဲ့ပြီးယင်းနောက် ၅၂ မိနစ်၊ ၅၅ မိနစ်၊ ၅၇ မိနစ်နှင့်မိနစ် ၆၀ တို့တွင်ဂိုးများဆက်တိုက်သွင်းယူကာ ၅း၁ ရလဒ်ဖြင့်အနိုင်ရရှိစေခဲ့သည်။

လီဂန်ဒေါစကီးမှာပွဲချိန် ၄ မိနစ်အတွင်းဟက်ထရစ် ၃ ဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ခဲ့ဘူးသကဲ့သို့ တစ်ပွဲတည်းတွင် ၄ ဂိုးသွင်းနိုင်သည့်ဘွန်ဒစ်လီဂါ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဘူးသူဖြစ်ကာယခုအခါ ၅ ဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပြီဖြစ်သည်။

ဘွန်ဒစ်လီဂါတွင်တစ်ပွဲတည်း၌ ၆ ဂိုးသွင်းနိုင်ခဲ့သူအဖြစ် စံချိန်တင်ထားခဲ့သူမှာ ၁၉၇၇ ခုနှစ်ကမူလာက တင်ထားခဲ့ခြင်းဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here