EPL News

လေ့ကျင့်ရေး စတဲ့ မန်ယူ

Jul 07 , 2014

မန်ယူအသင်း၏ ၂၀၁၄-၁၅ ရာသီ ရာသီကြိုလေ့ကျင့်ရေးကို ယနေ့တနင်္လာနေ့တွင် စတင်ခဲ့ပြီဖြစ်သည်။

မန်ယူကို တာဝန်ယူမည့်နည်းပြ ဗန်ဂေါလ်မှာ ဟော်လန်အသင်းနှင့်အတူ ဘရာဇီးတွင် ရှိနေဆဲဖြစ်ပြီး ယခုလေ့ကျင့်ရေးကို လက်ထောက်နည်းပြ ရိုင်ယန်ဂစ်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ဗန်ဂေါလ်မှာ မန်ယူနည်းပြ အဖွဲ့ဝင်အဖြစ် အဲလ်ဘတ် စတူဗန်ဘာ့ဂ်ကို ထပ်မံခေါ်ယူခဲ့ပြီး စတူဗန်ဘာ့ဂ်မှာ အိုးလ်ထရက်ဖို့ဒ်တွင် ဂစ်နှင့်အတူ အသင်းသားများကို လေ့ကျင့်ပေးနေပြီ ဖြစ်သည်။

ဂစ်မှာ လွန်ခဲ့သောရာသီက မိုရက်စ်အထုတ်ခံရပြီးနောက် မန်ယူ၏ နောက်ဆုံး ရာသီသိမ်းပွဲစဉ် ၄ ပွဲကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရသူ ဖြစ်သည်။

စတူဗန်ဘာ့ဂ်မှာ ဟော်လန်တွင် ဗန်ဂေါလ်နှင့် လက်တွဲခဲ့ဘူးသူ ဟော်လန် ယူ-၂၁ အသင်း နည်းပြဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီဖြစ်သည့် ၎င်းမှာ မန်ယူတွင် လူငယ်ကစားသမားများ ပိုမိုပေါ်ထွက်လာရေးအတွက် ဦးစားပေးလုပ်ဆောင်သွား မည် ဖြစ်သည်။

ယခုလေ့ကျင့်ရေးသို့ ကမ္ဘာ့ဖလားပွဲတွင် မပါဝင်ခဲ့သော အီဗန်းစ်၊ ဖလက်ချာ၊ အက်ရှ်လေယန်း၊ ဇာဟာ၊ ပိုဝဲလ် စသည့် အသင်းသားများ လာရောက်ပါဝင်ခဲ့ကြသည်။ ရွန်းနေ၊ ဗလင်စီယာ၊ ဟာနန်ဒက်စ် အစရှိသော ကမ္ဘာ့ဖလားကစားခဲ့သူများမှာ အားလပ်ရက် အပန်းဖြေခရီးထွက်နေကြဆဲ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here