EPL News

ဇာဟာကိုလိုချင်တဲ့ နယူးကာဆယ်

Jul 07 , 2014

နယူးကာဆယ်အသင်းမှာ မန်ယူမှ တောင်ပံကစားသမား ဇာဟာကို ခေါ်ယူလိုနေကြောင်းသိရသည်။

ဇာဟာမှာ ယခင်က ခရစ္စတယ်ပဲလေ့စ်မှဖြစ်ပြီး မန်ယူကခေါ်ယူပြီးသော်လည်း ခရစ္စတယ်ပဲလေ့စ်သို့ ပြန် အငှားချခံခဲ့ရသူ ဖြစ် သည်။

ဇာဟာအနေနှင့် ယခုလာမည့်ရာသီအစစ်တွင် နည်းပြဗန်ဂေါလ်နှင့် မန်ယူတွက် လက်တွဲလိုသူဖြစ်သော်လည်း နယူးကာဆယ် နည်းပြ ပါဂျူး ကမူ ခေါ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်လျှက် ရှိသည်။

ပါဂျူးမှာ လွန်ခဲ့သော ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ဇာဟာကိုခေါ်ယူရန် ကြိုးစားခဲ့သေးသော်လည်း မန်ယူက ဇာဟာကို ကာဒစ်သို့ အငှားချထားခဲ့သည်။

အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ဇာဟာမှာ ၂၀၁၃-၁၄ ရာသီအစတွင် နည်းပြမိုရက်စ်၏ မျက်နှာသာပေးခြင်းကို မခံခဲ့ရပဲ ပရီးမီးယားလိဂ်ပွဲများတွင် ပွဲဦးထွက် ကစားသမားအဖြစ် တစ်ပွဲမျှ ပါဝင်ကစားခွင့်မရခဲ့ပေ။

သူသည် မန်ယူနည်းပြဟောင်းဖာဂူဆန် နောက်ဆုံးခေါ်ယူခဲ့သည့် ကစားသမားဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနှင့် ၅ နှစ်ခွဲ စာချုပ်ချုပ်ဆိုထားသူ ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here