Europe News

AZ ပြောင်းမည့် အဒူး

Jul 07 , 2014

ဒုတိယပီလီဖြစ်လာမည်ဟု နာမည်ရခဲ့သော အမေရိကန်သား ဖရက်ဒီအဒူးသည် ဟော်လန်ကလပ် AZ သို့ပြောင်းရွှေ့ ကစားတော့မည် ဟု သိရသည်။

အဒူးမှာ ၂၀၀၄ ခုနှစ်တွင် ဒီစီယူနိုက်တက်နှင့် စတင်စာချုပ်ချုပ်ဆိုခဲ့သော်လည်း အစွမ်းပြနိုင်ခဲ့ခြင်းမရှိပဲ ယခု ၂၀၁၄ အထိ ၁၀ နှစ်အတွင်း ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိကတို့ရှိ ကလပ် ၉ ခုသို့ ပြောင်းရွှေ့ကစားဖြစ်ခဲ့သူ ဖြစ်သည်။

အသက် ၁၄ နှစ်အရွယ် ၂၀၀၄ တွင် ဒီစီယူနိုက်တက်သို့ ရောက်ရှိခဲ့ပြီး ဂန္တ၀င်ဘောလုံးသမားကြီး ပီလီကဲ့သို့ ထွန်းတောက်လာ လိမ့်မည်ဟု ယုံကြည်ခံခဲ့ရသူ အဒူးမှာ အမေရိကန် တောက်လာလိမ့်မည်ဟု ယုံကြည်ခံခဲ့ရသူအဒူးမှာ အမေရိကန် တောက်လာ လိမ့်မည်ဟု ယုံကြည်ခံခဲ့ရသူအဒူးမှာ ဟက်ထရစ် ၂ ခါ ရရှိခဲ့သော်လည်း ကလပ်အသင်းများနှင့်မူ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပေ။

သူသည် အမေရိကန် လက်ရွေးစင် အသင်းကြီးအတွက် ၁၇ ပွဲကစားခွင့်ရခဲ့ပြီး ကလပ်အသင်းများနှင့်မူ အံမ၀င်ခဲ့ပဲ ၂၀၁၃ တွင် ဘရာဇီးကလပ် ဘာဟီရာနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူတစ်ဦး ဖြစ်သည်။

သူသည် ၂၀၁၃ နိုဝင်ဘာတွင် ဘာဟီရာမှ ထွက်လာပြီးနောက် ၂၀၁၄ ဖေဖော်ဝါရီတွင် အင်္ဂလန်ကလပ် ဘလက်ပူး ၌ လေ့ကျင့်ရေး ဆင်းနေခဲ့ပြီး ဇွန်လတွင် အမေရိကန် နည်းပြဟောင်း ဘရက်ဒ်လေက နော်ဝေကလပ် စတာဘက်သို့ ခေါ်ယူရန် ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ပေ။

U Myo Thant




<< Back Europe News


Advertisement
Here