AFC Champion News

ယနေ့စတင်မည့် AFC ယူ-၁၉ ခြေစစ်ပွဲ

Sep 28 , 2015

ဘာရိန်းတွင် ၂၀၁၆ ၌ကျင်းပမည့် AFC ယူ-၁၉ ပြိုင်ပွဲအတွက် အုပ်စုအလိုက်ခြေစစ်ပွဲများကို ယနေ့စတင်ကျင်းပမည်ဖြစ်သည်။

ယနေ့ကျင်းပမည့်ပွဲစဉ်များတွင် ဘန်ကောက်၌ကစားမည့်အုပ်စု H မှပွဲစဉ်များနှင့်ရန်ကုန်တွင် ကျင်းပမည့်အုပ်စု G မှပွဲစဉ်များပါဝင်မည်ဖြစ်သည်။

အုပ်စု H ပွဲစဉ်များတွင်စင်္ကာပူနှင့် တောင်ကိုရီးယား၊ မြောက်မာရီယာနာကျွန်းစုနှင့် တရုတ်(တိုင်ပေ) ပွဲစဉ်များကိုယနေ့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရန်ကုန်သုဝဏ္ဏကွင်းတွင်အုပ်စု G မှဟောင်ကောင်နှင့်ဗီယက်နမ်၊ တီမောနှင့်ဘရူနိုင်း ပွဲစဉ်များပါဝင်သည်။

အိမ်ရှင်မြန်မာအသင်းမှာ စက်တင်ဘာ ၃၀ ရက်နေ့တွင်ဘရူနိုင်းနှင့် ကစားရမည်ဖြစ်ပြီး ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ထိုပွဲကိုပရိသတ်မပါပဲ ကစားရမည်ဖြစ်သည်။

အုပ်စု G တွင်အိမ်ရှင်မြန်မာနှင့်အတူ ဘရူနိုင်း၊ ဗီယက်နမ်၊ တီမော၊ ဟောင်ကောင်အသင်းများပါဝင်ကြသည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here