World CUp 2014 News

ဒိုင်ကောင်းလိုချင်သည့် ဂျာမနီ

Jul 08 , 2014

ကိုလံဘီယာနှင့် ရင်ဆိုင်ခဲ့သည့် ပွဲတွင်ပြစ်ဒဏ် ၃၃ ကြိမ်ပြုလုပ်ခဲ့သည့် ဘရာဇီး၏ ကစားပုံကြောင့် ယနေ့ညပွဲတွင် ဒိုင်လူ ကြီးကောင်း တစ်ဦးနှင့် ဆုံမိလိုကြောင်း ဂျာမနီနည်းပြ ကပြောဆိုလိုက်သည်။

ယနေ့ည ဆီမီးဖိုင်နယ်ပွဲအဖြစ် ဘရာဇီး -  ဂျာမနီ ပွဲစဉ်ကို ကိုင်တွယ်မည့် ကွင်းလယ်ဒိုင်မှာ မက္ကဆီကိုမှ မာကိုရိုဒရီဂုဇ် ဖြစ်သည်။

ဘရာဇီးအသင်းမှာ သောကြာနေ့က ကွာတား ဖိုင်နယ်အဖြစ် ကိုလံဘီယာနှင့်ြ ကစားခဲ့ရာတွင် ပြစ်ဒဏ် ၃၁ ကြိမ်ပေးရသည်အထိ ကစားပုံကြမ်းတမ်းခဲ့သည်။

ဂျာမနီနည်းပြ ဂျိုအာချင်လိုက ကိုလံဘီယာ - ဘရာဇီးပွဲကို မိမိကြည့်ရှုခဲ့ကြောင်း၊ နှစ်သင်းစလုံး ကစားပုံကြမ်းခဲ့ပြီး ပြိုင်ဘက် ကစားသမားများနှင့် ရင်ဆိုင်ရာတွင် မသင့်တော်သော ၀င်ဖျက်သမားပုံမျိုး များစွာ ကျူးလွန်ခဲ့ကြကြောင်း မိမိတို့ကစားမည့်ပွဲတွင် ကွင်းလယ်ဒိုင်အနေနှင့် ကစားသမားများကို ကစားပုံမကြမ်းစေရန် ကိုင်တွယ်သွားနိုင်လိမ့်မည်ဟု ထင်မြင်ပါကြောင်း ပြောဆိုခဲ့ သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here