Bundesliga News

လူမစုံတဲ့ဘိုင်ယန်

Sep 29 , 2015

ဒိုင်နမိုဇာဂရက်နှင့်ကစားရမည့် ပွဲအတွက်မိမိတို့တွင်ကြံ့ခိုင်မှု အပြည့်ရှိနေသူ ၁၄ ယောက် ၁၅ ယောက်ခန့်သာရှိကြောင်း ဘိုင်ယန် နည်းပြဂွာဒီယိုလာက ပြောဆိုလိုက်သည်။

ဘိုင်ယန်မှအဓိကကစားသမား နှစ်ဦးဖြစ်သောရော်ဘင်နှင့် ရီဘာရီ တို့မပါနိုင်သကဲ့သို့ ဘန်နာတီနာ၊ ဘက်စတူဘာတို့ပါ ဒဏ်ရာ ရှိနေချိန်တွင်ဗီဒယ်နှင့် ရိုဒီတို့တွင်လည်း ဒဏ်ရာအနည်းငယ်စီ ရှိနေသည်ဟုဆိုသည်။

ယခုရာသီဘွန်ဒစ်လီဂါ ပွဲစဉ်အားလုံးကိုအနိုင်ရထားသော ဘိုင်ယန်မှာချန်ပီယံလိဂ် အုပ်စုပွဲအဖြစ်ဒိုင်နမိုဇာဂရက်နှင့် ကစားရမည်ဖြစ်ပြီး အရန်အသင်းမှကစားသမား ၂ ဦးခန့်ကိုအသင်းကြီးအရန်လူ အတွက်ခေါ်ယူရလိမ့်မည်ဟု ဂွာဒီယိုလာကပြောဆိုခဲ့သည်။

ဥရောပဖလား ၅ ကြိမ်ရထားသည့်ဘိုင်ယန်မှာ ချန်ပီယံလိဂ်ပထမပွဲစဉ်တွင် ဂရိကလပ်အိုလံပီယာကော့စ်ကို ၃းဝ ဖြင့်နိုင်ထားပြီးဖြစ်ကာ ခရိုအေးရှားကလပ်ဒိုင်နမိုဇာဂရက်မှာ ပြိုင်ပွဲပေါင်းစုံအတွက်နောက်ဆုံး ၄၅ ပွဲတွင်ရှုံးပွဲမရှိသေးသော အသင်းဖြစ်သည်။

ဘိုင်ယန်အသင်းချန်ပီယံလိဂ်တွင် နောက်ထပ်တွေ့ရမည့် အသင်းမှာအာဆင်နယ်ဖြစ်ပြီး အောက်တိုဘာ ၂၀ တွင်အဝေးကွင်းနှင့်နိုဝင်ဘာ ၄ ရက်နေ့တွင်အိမ်ကွင်းပွဲများ ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here