AFC Champion News

ယူ-၁၉ အုပ်စုပွဲများစတင်

Oct 03 , 2015

၂၀၁၆ ဘာရိန်း AFC ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက်အုပ်စု ၁၀ မှခြေစစ်ပွဲများယမန်နေ့က စတင်ခဲ့ပြီဖြစ်သည်။

ထိုခြေစစ်ပွဲများတွင်အုပ်စု G နှင့် H တို့မှာပွဲစဉ် ၃ ကိုယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောအုပ်စုများက ပွဲစဉ် ၁ ကို ကစားကြခြင်းဖြစ်သည်။

ရန်ကုန်-သုဝဏ္ဏကွင်းတွင် ကျင်းပသောအုပ်စု G ပွဲစဉ်များတွင်ဗီယက်နမ်ကဘရူနိုင်းကို ၅းဝ ဖြင့်နိုင်ခဲ့ပြီးမြန်မာနှင့် တီမောတို့ ဂိုးမရှိသရေကျခဲ့ကြသည်။

ဗီယက်နမ်အသင်းက ၂ ပွဲနိုင် ၆ မှတ်ဖြင့်အုပ်စုကို ဦးဆောင်နေပြီးတီမောက ၃ ပွဲကစား ၅ မှတ်၊ မြန်မာက ၂ ပွဲကစား ၄ မှတ်ရရှိထားသည်။

ဘန်ကောက်တွင်ကျင်းပသောအုပ်စု H ပြိုင်ပွဲတွင်တောင်ကိုရီးယားက တရုတ်တိုင်ပေကို ၇း၁၊ ထိုင်းကမြောက်ပိုင်းမာရီယာနာကို ၇းဝ တို့ဖြင့်အနိုင်ရခဲ့ကြသည်။

ပွဲစဉ် ၁ အဖြစ်ကစားခဲ့သောအခြား အုပ်စုပွဲစဉ်များတွင်ဥဇဘက်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီ၊ ယီမင်၊ ယူအေအီး၊ ပါလက်စတိုင်း၊ ကာတာ၊ အီရန်၊ ကူဝိတ်၊ ဘာရိန်၊ အီရတ်၊ တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျတို့နိုင်ပွဲရခဲ့ကြသည်။

ပြိုင်ပွဲများကို ၄ ရက်နေ့တွင်ဆက်လက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

U Myo Thant

<< Back AFC Champion News


Advertisement
Here