EPL News

အမိန့်ထုတ်တဲ့ နည်းပြ

Jul 08 , 2014

အသင်းသားများအားလုံးအနေနှင့် ညနေပိုင်းလေ့ကျင့်ရေးကို မပျက်ကွက်စေရန်အတွက် မန်ယူနည်းပြအဖြစ် ဗန်ဂေါလ်က အမိန့်ထုတ်ထားကြောင်း သိရသည်။

  လောလောဆယ်အချိန်တွင် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအတွက် ဟော်လန်အသင်းနှင့် အလုပ်များနေသော်လည်း ယမန်နေ့က စတင်ခဲ့သည့် မန်ယူအသင်းလေ့ကျင့်ရေး ပြန်လည်စတင်သည့်နေ့တွင် ဗန်ဂေါလ်က ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်ပြီး ကမ္ဘာ့ဖလားပွဲကြီးတွင် ပါဝင်သော မန်ယူကစားသမားများမှအပ ကျန်ကစားသမားများအားလုံး လေ့ကျင့်ရေးဆင်းရန် ဖြစ်သည်။

ေ လေ့ကျင့်ရေး ဒုတိယနေ့ဖြစ်သည့် ယနေ့အင်္ဂါနေ့ ညနေပိုင်း လေ့ကျင့်ရေးမှစ၍ ကစားသမားတိုင်း လေ့ကျင့်ရေးဆင်းရန်ဖြစ် ပြီး လေ့ကျင့်ရေးစတင်ချိန်မှာ ညနေ ၅ နာရီခွဲ ဖြစ်သည်။

မန်ယူအသင်းမှာ လာမည့်အပတ်တွင် အမေရိကန် ကယ်လီဖိုးနီးယားသို့ ရာသီကြို ခရီးထွက်မည်ဖြစ်ပြီး ဗန်ဂေါလ်က ဟော်လန် အသင်းပွဲစဉ်များ အပြီးတွင် လိုက်လာမည် ဖြစ်သည်။

မန်ယူသို့  ဘီလ်ဘာအိုမှ ပေါင် ၂၈ သန်းဖြင့် ရောက်ရှိလာသော ကွင်းလယ်ကစားသမား ဟာရဲရားမှာ ယမန်နေ့ လေ့ကျင့်ရေး မှာပင် အသင်းသားများနှင့် စတင်လေ့ကျင့်ရေးဆင်းခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back EPL News


Advertisement
Here