EPL News

အောက်ဈေးနဲ့ ကစားမယ့် ကိုးလ်

Jul 08 , 2014

ချဲလ်ဆီးတွင် တစ်ပတ်လုပ်ခပေါင် ၂ သိန်းရခဲ့သော ဘယ်နောက်ခံလူ အက်ရှ်လေးကိုးလ်မှာ စီးရီးအေကလပ် ရိုးမားတွင် တစ်ပတ်လုပ်ခ ပေါင် ၃ သောင်းခွဲဖြင့် ၂ နှစ်ကစားရန် စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ အသက် ၃၀ ကျော်ကစားသမားများကို သက်တမ်းများစွာ ထပ်တိုးလေ့မရှိသကဲ့သို့ ယခု ၃၃ နှစ်ရှိပြီဖြစ်သော ကိုးလ်ကို သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ခြင်းမရှိသဖြင့် အလွတ်ပြောင်းရွှေ့ခွင့်နှင့် အသင်းပြောင်းရခြင်း ဖြစ်သည်။

ကိုးလ်မှာ ၂၀၀၆ ခုနှစ်တွင် အာဆင်နယ်၌ ကစားနေစဉ် တစ်ပတ်လုပ်ခ ပေါင် ၆ သောင်းအထိ တိုးတောင်းခဲ့ပြီး ထိုစဉ်က အာဆင်နယ် အနေနှင့် ၅ သောင်းခွဲအထိ တိုးပေးခဲ့သော်လည်း မကျေနပ်သဖြင့် ချဲလ်ဆီးသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

သူသည် ချဲလ်ဆီးတွင် ၈ နှစ်တာ နေခဲ့စဉ်အတွင်း လုပ်ခ အဆင့်ဆင့် တိုးရခဲ့ပြီး နောက်ဆုံးရခဲ့သည့် တစ်ပတ် လုပ်ခမှာ ပေါင် ၂ သိန်း ဖြစ် သည်။

U Myo Thant




<< Back EPL News


Advertisement
Here