AFC Champion News

ပရိသတ်များစည်းကမ်းရှိရန် မြန်မာနည်းပြပြော

Oct 06 , 2015

ရန်ကုန်မြို့၌အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၂၀၁၆ အာရှ ယူ-၁၉ အသင်း၏နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဗီယက်နမ်နှင့်ပွဲစဉ်တွင် ပရိသတ်များအနေဖြင်စည်းကမ်းရှိစွာ အားပေးကြရန်မေတ္တာရပ်ခံပါကြောင်းပြောကြားခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းနှင့်ဟောင်ကောင် ယူ-၁၉ အသင်းတို့ပွဲစဉ်၌ပွဲချိန် ၇၂ မိနစ်တွင်ဟောာင်ကောင်အသင်းဘက်မှ ဦးဆောင်ဂိုးသွင်းယူပြီးနောက် အိမ်ရှင်ပရိသတ်တစ်ဦး ကွင်းအတွင်းဝင်ရောက်ခဲ့သဖြင့် ပွဲကိုခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

ယခင်ကမြန်မာအသင်း၏ရလဒ်ဆိုးသည့် ပွဲတချို့တွင်ပရိသတ်တချို့ကွင်းအတွင်းသို့ အရာဝထ္ထုများဖြင့်ပစ်ခတ်ခြင်း၊ ယမန်နှစ် ယူ-၁၉ အသင်းခြေစစ်ပွဲအောင်စဉ်က မြန်မာပရိသတ်များကွင်းအတွင်းသို့ ၀င်ရောက်အောင်ပွဲခံခြင်းများကြောင့် ကွင်းပိတ်ပြစ်ဒဏ်ခံခဲ့ရပြီး ယခုခြေစစ်ပွဲအဖွင့်ပွဲစဉ်ဖြစ်သည့် ဘရူနိုင်းနှင့်ပွဲတွင်မြန်မာအသင်းမှာ ပရိသတ်မပါပဲကစားခဲ့ရသည်။

ဟောင်ကောင်နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြဂတ်ဖရိုင်းဒရစ်က "မြန်မာအသင်းပရိသတ်တွေကို ဘာလို့အေးအေးဆေးဆေး အားမပေးနိုင်တာလဲ လို့မေးချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကို သဘောမကျပါဘူး။ ဒီလိုကွင်းထဲဝင်လာတဲ့အတွက် အဖွဲ့ချုပ်ကိုပဲထိခိုက်စေပြီး ပွဲရဲ့အဖြေကိုပြောင်းလဲနိုင်မှ မဟုတ်ပါဘူး။ ဒါကြောင့်ဗီယက်နမ်နဲ့ပွဲမှာတော့ ပရိသတ်တွေအနေနဲ့ စည်းကမ်းရှိရှိအားပေးကြလို့ မေတ္တာရပ်ခံချင်ပါတယ်" ဟုပြောသည်။

မြန်မာအသင်းနှင့်ဗီယက်နမ် အသင်းတို့သည်ယနေ့ညနေ ၆ နာရီခွဲတွင်ရန်ကုန်မြိုသုဝဏ္ဏ အားကစားကွင်း၌အုပ်စု ပထမနေရာမှ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ်ကိုယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

(သတင်းဓါက်ပုံ MFF)

U Myo Thant

<< Back AFC Champion News


Advertisement
Here