AFC Champion News

ယူ-၁၉ ခြေစစ်ပွဲများပြီးဆုံး

Oct 07 , 2015

၂၀၁၆ ဘာရိန်း AFC ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက်ခြေစစ် ပွဲများမှာယမန်နေ့က ကျင်းပပြီးစီးသွားပြီဖြစ်သည်။

ခြေစစ်ပွဲများကိုအုပ်စု ၁၀ စုခွဲ၍ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ပြီး အုပ်စုဗိုလ် ၁၀ သင်းနှင့်အကောင်းဆုံးဒုတိယရ ၅ သင်းတို့မှာအိမ်ရှင် ဘာရိန်းနှင့်အတူ အုပ်စုပြိုင်ပွဲများကစားကြရမည်ဖြစ်သည်။

ခြေစစ်ပွဲများတွင်အုပ်စုဗိုလ် အဆင့်ဖြင့်ခြေစစ်ပွဲအောင်မြင်ခဲ့သော အသင်းများမှာဥဇဘက်ကစ္စတန်၊ ဆော်ဒီ၊ ယူအေအီး၊ ကာတာ၊ အီရန်၊ အီရတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်အသင်းများဖြစ်ကြသည်။

အုပ်စုဒုတိယနေရာတွင် ရှိနေသောအသင်းများမှာ သြစတြေးလျ ၆ မှတ်၊ မြောက်ကိုရီးယား ၆ မှတ်၊ ထိုင်း ၆ မှတ်၊ တာဂျစ်ကစ္စတန် ၆ မှတ်၊ မြန်မာ ၄ မှတ်၊ ကူဝိတ် ၄ မှတ်၊ အိုမန် ၄ မှတ်၊ ပါလက်စတိုင်း ၆ မှတ်၊ ယီမင် ၆ မှတ်၊ ဘင်္ဂလားဒက်ရှ် ၄ မှတ်တို့ဖြစ်ကြပြီး ၆ မှတ်ရထားသောအသင်း ၆ သင်းထဲမှတာဂျစ်ကစ္စတန်၊ သြစတြေးလျ၊ ထိုင်း၊ မြောက်ကိုရီးယား၊ ယီမင်တို့မှာအကောင်းဆုံး ဒုတိယအသင်းများအဖြစ် ရွေးချယ်ခံခဲ့ရပြီးခြေစစ် ပွဲအောင်မြင်သွားကြပြီဖြစ်သည်။

U Myo Thant




<< Back AFC Champion News


Advertisement
Here