Bundesliga News

၃ လနားရမည့်ဂေါ့ဇီ

Oct 10 , 2015

ဘိုင်ယန်ကစားသမားဂေါ့ဇီမှာ ပေါင်ခြံဒဏ်ရာကြောင့် ၃ လခန့်နားရမည်ဟုသိရသည်။

၂၃ နှစ်သားဂေါ့ဇီမှာဂျာမနီ လက်ရွေးစင်အသင်းနှင့်အတူ အိုင်ယာလန်ကို ရင်ဆိုင်ခဲ့သည့်ယူရို ၂၀၁၆ ခြေစစ်ပွဲ တွင်ထိုဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဒေါ့မွန်ကစားသမာဟောင်း တစ်ဦးဖြစ်သူဂေါ့ဇီမှာဆေးအဖွဲ့၏ စစ်ဆေးမှုကိုခံယူခဲ့ပြီးနောက် ယင်းဒဏ်ရာမှာ ၃ လခန့်နားရမည်ဟု အတည်းပြုခဲ့သည်။

ဘိုင်ယန်အသင်းဝက်ဘ်ဆိုက် တွင်ဂေါ့ဇီအနေနှင့် ၃ လခန့်နားရမည်ဖြစ်ပြီး ၂၀၁၆ ဇန်န၀ါရီလခန့်တွင်မှပြန်ကစားနိုင် မည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။

ယခုသတင်းမှာဘိုင်ယန် နည်းပြဂွာဒီယိုလာအတွက် သတင်းဆုံးတစ်ခုဖြစ်ခဲ့ပြီးလောလောဆယ် တွင်ရော်ဘင်နှင့် ရီဘာရီတို့မှာ လည်းကြံ့ခိုင်မှု မပြည့်သေး၍ ကစားနိုင်သေးခြင်း မရှိပဲဖြစ်နေသဖြင့် တိုက်စစ်ပိုင်းတွင် ယခုနွေတွင်မှခေါ် ယူထားခဲ့ သည့်ကော်စတာနှင့် ကိုးမန်းတို့ကိုအားထားရတော့မည်ဖြစ်သည်။

ဂေါ့ဇီမှာယခုရာသီပြိုင်ပွဲပေါင်းစုံအတွက် ၁၁ ပွဲကစား ၄ ဂိုးသွင်းကာဂိုးရရေးအတွက် ၂ ကြိမ်ဖန်တီးပေးခဲ့သူဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here