World CUp 2014 News

ဂိုးသွင်းစံချိန်တင်သော ကလိုဆေး

Jul 09 , 2014

ဂျာမနီတိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ဘရာဇီးမှ ရော်နယ်ဒိုကိုကျော်ကာ ထိပ်ဆုံးသို့ရောက်ရှိသွားပြီ ဖြစ်သည်။

ကလိုဆေးမှာ ဘရာဇီးကို ၇း၁ ဖြင့် နိုင်ခဲ့သောပွဲတွင် တစ်ဂိုးသွင်းနိုင်ခဲ့သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် စုစုပေါင်း ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်သောကြောင့် ရော်နယ်ဒိုထက် တစ်ဂိုးသာကာ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

သူသည် ၂၀၀၂ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားပွဲများတွင် ၅ ဂိုးစီ၊ ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ၄ ဂိုးစုစုပေါင်း ၁၄ ဂိုးသွင်းယူထားခဲ့ရာမှ ယခုနှစ် ကမ္ဘာ့ဖလားပွဲအဖြစ် ဂါနာနှင့်ပွဲတွင် ၁ ဂိုး၊ ဘရာဇီးနှင့်ပွဲတွင် ၁ ဂိုး ထပ်မံသွင်း ယူနိုင်ခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ၁၀ ဂိုးနှင့် အထက် သွင်းယူထားနိုင်သူများမှာ ကလိုဆေး (၁၆)၊ ရော်နယ်ဒို (၁၅)၊ ဂတ်မူလာ (၁၄)၊ ဂျပ်စ်ဖောင်တိန် (၁၃)၊ ပီလီ လက်ရှိကစားနေသေးသူဟူ၍ ကလိုဆေး တစ်ယောက်သာ ရှိနေဆဲ ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here